Connect with us

Science & Technology

တရုတ်နိုင်ငံက လကမ္ဘာ ၏ မမြင်ရသည့်အခြမ်းအားလေ့လာရန် ၂၀၁၈ခုနှစ်တွင် လူလိုက်ပါခြင်းမရှိသည့် အာကာသယာဉ် စေလွှတ်မည်

၂၀၁၃ ခုနှစ်တွင် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်ခဲ့သည့် တရုတ်နိုင်ငံမှ အာကာသယာဉ်Chang’e-3အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီလ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လကမ္ဘာလေ့လာရေး ခရီးစဉ်သစ်အား တရားဝင် စတင်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် လူလိုက်ပါခြင်း မရှိသည့် Chang’e-4 အာကာသယာဉ် အား လကမ္ဘာ၏ မမြင်ရသည့်အခြမ်းကို လေ့လာရန်စေလွှတ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သိပ္ပံ၊ နည်းပညာ နှင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ စက်မှု လုပ်ငန်းများ စီမံခန့်ခွဲရေး (SASTIND)က ဇန်နဝါရီလ ၁၄ရက်နေ့တွင် ကြေညာခဲ့သည်။

လကမ္ဘာ၏ အခြားတစ်ဖက်ကို ကမ္ဘာမြေကြီး၏ ဆွဲငင်အား နှင့် လူသားများ သွားရောက်လေ့လာခြင်း မရှိသည့်အတွက် လုံးဝမြင်တွေ့ဖူးခြင်းမရှိသောကြောင့် လူသားသမိုင်းတွင် ပထမဆုံးအကြိမ် သွားရောက် လေ့လာရန် Chang’e-4 အာကာသယာဉ်ကို စေလွှတ်ခြင်းဖြစ်ကြောင်း SASTIND လက်အောက်ရှိ လကမ္ဘာ လေ့လာရေး စင်တာ အကြီးအကဲ လျူကျီကျုံး ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ၏ ပထမဆုံး လကမ္ဘာလေ့လာရေး အာကာသယာဉ် Chang’e-3 သည် ၂၀၁၃ ခုနှစ်တွင် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီး ယခုအချိန် ထိ ကမ္ဘာမြေဆီသို့ သတင်းအချက်အလက်များ ပေးပို့နေဆဲဖြစ်ကြောင်း သိရသည်။

လျူ က Chang’e-4 သည် Chang’e-3 နှင့် တည်ဆောက်ပုံခြင်းတူညီသော်လည်း Chang’e-4 သည် လကမ္ဘာ နမူနာများအား ပိုမိုသယ်ဆောင်နိုင်သည့် အတွက် လကမ္ဘာ အခြားတစ်ဖက်၏ ဘူမိဗေဒဆိုင်ရာ အခြေအနေများကို လေ့လာရန် ပိုမိုအသုံးဝင်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ သည် လကမ္ဘာလေ့လာရေး အစီအစဉ် တွင်ပါဝင်သော အဆင့်သုံးဆင့် ဖြစ်သည့် ဂြိုလ်ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်ခြင်း၊ ဆင်းသက်ခြင်း နှင့် ကမ္ဘာမြေသို့ ပြန်လာခြင်းတို့ ကို ပြုလုပ်နိုင်ရန် တီထွင်ထုတ်လုပ်ထားသည့် Chang’e-5 အာကာသယာဉ် အား စေလွှတ်ရန် လည်း စီစဉ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.