Connect with us

Science & Technology

ပိတ်ဆို့မှုများကို မဖျက်သိမ်းပါက နိုင်ငံတကာအာကာသစခန်းမှ ရုရှားနုတ်ထွက်မည်ဟု ဆို

အမေရိကန် အမျိုးသားအာကာသနှင့်လေကြောင်း ဦးစီးဌာနNASAမှ ထုတ်ပြန်သည့် နိုင်ငံတကာအာကာသစခန်း ဓါတ်ပုံအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ရုရှားအာကာသအေဂျင်စီကို ဦးတည်သည့် ပိတ်ဆို့မှုများကို အမေရိကန်က မဖျက်သိမ်းလျှင် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှ ရုရှား နုတ်ထွက်မည်ဖြစ်ပြီး ကိုယ်ပိုင်အာကာသစခန်းတည်ဆောက်မည်ဖြစ်ကြောင်း ရုရှားအာကာသစူးစမ်းလေ့လာရေးဌာန၏ တာဝန်ခံက ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။ရုရှားဖက်ဒရယ် အာကာသအေဂျင်စီ (Roscosmos) ညွှန်ကြားရေးမှူးချုပ် Dmitry Rogozinက ဇွန် ၇ ရက် အောက်လွှတ်တော်တွင် အထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း Sputnik၏ သတင်းများအရ သိရသည်။ ရုရှား TsSKB-Progress နှင့် TsNIIMashအပေါ် ပိတ်ဆို့မှုများကို အမေရိကန်က မဖျက်သိမ်းပါက နိုင်ငံတကာအာကာသစခန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှ ရုရှားနုတ်ထွက်ပြီး ကိုယ်ပိုင် အာကာသစခန်းတည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ပိတ်ဆို့မှုများကို ချက်ချင်းဖျက်သိမ်း၍ ရုရှားနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်မလား၊ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ပြီး ရုရှားက ကိုယ်ပိုင်အာကာသစခန်းတည်ဆောက်ရမလား ဆိုသည့် နိုင်ငံတကာအာကာသစခန်း၏ အနာဂါတ်ကံကြမ္မာသည် အမေရိကန်ပေါ်တွင် မူတည်ကြောင်း Dmitry Rogozinက ပြောကြားခဲ့သည်။ နိုင်ငံတကာအာကာသစခန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ရပ်တန့်သွားပါက အမေရိကန်ဘက်က တာဝန်နှင့်အမှားအယွင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအကြိမ်သည် နိုင်ငံတကာအာကာသစခန်းမှ နုတ်ထွက်ရန် ရုရှားအဆင့်မြင့်ခေါင်းဆောင်များ၏ ပထမဆုံးအကြိမ် ပြောကြားခြင်းမဟုတ်ကြောင်း သိရသည်။ ယခုနှစ် ဧပြီလတွင် Dmitry Rogozinက ရုရှားသည် နိုင်ငံတကာအာကာသစခန်းမှ ဖြည်းဖြည်းချင်းနုတ်ထွက်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်အာကာသစခန်းတည်ဆောက်ရန် ပြင်ဆင်နေကြောင်း ၊ စီမံကိန်းခွင့်ပြုချက်ရရင် စောင့်ဆိုင်းလျက်ရှိကြောင်း ၊ ကိုယ်ပိုင်အာကာသစခန်းသစ်ကို ၂၀၃၀ ခုနှစ်တွင် အာကာသအတွင်းသို့ လွှတ်တင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာအာကာသစခန်းသည် နိုင်ငံများပူးတွဲပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခုဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် ယင်းအာကာသစခန်းတွင် အမေရိကန်နှင့်ရုရှားက အဓိကပါဝင်သည့်နိုင်ငံဖြစ်ရာ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံ(၁၀၀)ရှိကြောင်း သိရသည်။ နိုင်ငံတကာအာကာသစခန်း၏တာဝန်ထမ်းဆောင်မည့်ကာလကို မူလက ၂၀၁၅ နှစ်အထိသာ လည်ပတ်ဆောင်ရွက်ရန် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၂၀ ခုနှစ်အထိနှင့် ၂၀၂၄ခုနှစ်အထိ အသီးသီး သက်တမ်းနှစ်ကြိမ်းထပ်မံတိုးမြှင့်ခဲ့ရာ ယခုအခါ စက်ပစ္စည်းဟောင်းနွမ်းယိုယွင်းမှုများ ရှိလာခဲ့ကြောင်း သိရသည်။

CNN၏ ယခုလအစောပိုင်း သတင်းများအရ အမေရိကန်အစိုးရနှင့် အမေရိကန် အမျိုးသားအာကာသနှင့်လေကြောင်းဦးစီးဌာနNASAက နိုင်ငံတကာအာကာသစခန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ၂၀၃၀ ပြည့်နှစ်အထိ ဆက်လာက်ဆောင်ရွက်လိုကြောင်း သိရသည်။ အကယ်၍ရုရှားနုတ်ထွက်ရင်၊ အခြေအနေမကောင်းနိုင်ဘူးဟု အမေရိကန် အမျိုးသားအာကာသနှင့်လေကြောင်းဦးစီးဌာနNASAအုပ်ချုပ်ရေးမှူး Bill Nelsonက ဆိုသည်။
ယူကရိန်းအကျပ်အတည်းဖြစ်ပွားပြီးနောက် အမေရိကန်နှင့်အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ရာ ရုရှားအာကာသလုပ်ငန်းဖွံ့ဖြိုးရေးကို သက်ရောက်မှုရှိစေခဲ့သည်။ ရုရှားဖယ်ဒရယ်အာကာသအေဂျင်စီ အကြီးအကဲများက အာကာသစီမံကိန်း၏ အရေးကြီးအစိတ်အပိုင်း ကုန်သွယ်ရေးကို ထိန်းချုပ်မှုသည် ရုရှားအာကာသလုပ်ငန်းရင်ဆိုင်နေရသည့် ကိစ္စတစ်ခုဖြစ်ကြောင်း ဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)

俄罗斯:不取消制裁就退出国际空间站

新华社北京6月8日电(记者袁原)俄罗斯太空探索机构负责人7日说,如果美国不取消针对俄罗斯航天机构的制裁,俄罗斯将在2025年退出国际空间站合作项目,并将建造自有空间站。

据俄罗斯卫星通讯社报道,俄罗斯国家航天公司总裁德米特里•罗戈津7日在俄罗斯国家杜马(议会下院)发表上述言论。他说,如果美国不取消对俄罗斯“进步”火箭航天中心和俄罗斯中央机械制造研究所的制裁,俄罗斯将退出国际空间站合作项目,建立自有空间站。

罗戈津说,国际空间站的未来命运取决于美国,“美国要么立即取消制裁”,与俄罗斯继续合作;要么结束合作,俄罗斯将建立自有空间站。他说,如果国际空间站合作项目中止,将是美国方面的“责任”和“过错”。

这不是俄罗斯高层首次表示将退出国际空间站。罗戈津今年4月说,俄罗斯将逐步退出国际空间站,准备建造自有空间站,项目正待批准,新的自有空间站争取到2030年升空。

国际空间站是一个多国联合参与的国际合作项目,始建于1998年,以美国和俄罗斯为主,总投资超过1000亿美元。国际空间站最初设计的服役期限到2015年,此后两次延长,分别至2020年和2024年,如今设备老化严重。

据美国有线电视新闻网本月先前报道,美国政府和美国国家航空航天局希望,国际空间站合作项目能够持续到2030年。美国国家航空航天局局长比尔•纳尔逊说:“如果俄罗斯退出,那可不好。”

乌克兰危机爆发后,美国等西方国家对俄实施大规模制裁,俄航天事业发展受到影响。俄罗斯国家航天公司高层说,美国针对太空项目一些重要部件的贸易管制是俄航天事业面临的诸多问题之一。

图说1:这是美国航天局公布的国际空间站的照片。(新华社/路透)