Connect with us

Science & Technology

မိုဘိုင်း အပလီကေးရှင်းမှတဆင့် ပျောက်ဆုံး ကလေး ၂၆၀ အား ပြန်လည်ရှာတွေ့ခဲ့

တရုတ်နိုင်ငံတွင် ကလေးပျောက်ရှာသည့် မိုဘိုင်း အပလီကေးရှင်း လှုပ်ရှားမှု ကြော်ငြာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ခြောက်လအတွင်း မိုဘိုင်း အပလီကေးရှင်း (Application) တစ်ခု၏ ကျေးဇူးကြောင့် ပျောက်ဆုံး ကလေးငယ် ၂၆၀ ဦး အား ပြန်လည် ရှာတွေ့နိုင်ခဲ့ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနက နိုဝင်ဘာလ ၁၆ ရက်၌ ကြေညာလိုက်သည်။

ပြန်လည်ပေါင်းစည်းခြင်း သို့မဟုတ် “Tuanyuan” ဟု အမည်ပေးထားသည့် အပလီကေးရှင်း တစ်ခုအား မေလ ၁၅ ရက်က ရဲတပ်ဖွဲ့က ပျောက်ဆုံးကလေးငယ်များ ရှာဖွေရန် ထုတ်ပြန်ခဲ့သည်။

ယင်း အပလီကေးရှင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပြီးခဲ့သည့် ခြောက်လအတွင်း ပျောက်ဆုံး ကလေးငယ် ၂၈၀ ဦး ကျော် စာရင်းပေးခဲ့ကြကာ ကလေးငယ် ၂၆၀ ဦး အား ပြန်လည် ရှာတွေ့ခဲ့ကြောင်း၊ ယင်းအနက် ၁၈ ဦးမှာ လူကုန်ကူး ခံရသူများ ဖြစ်ကြောင်း၊ ၂၇ ဦးမှာ ပျောက်ဆုံးသူများ ဖြစ်ကြောင်း၊ ၁၅၂ ဦးမှာ အိမ်မှ ထွက်ပြေးသူများ ဖြစ်ကြောင်းနှင့် ၅၂ ဦးမှာ ရေနစ်၍ သို့မဟုတ် အခြား အကြောင်းများကြောင့် သေဆုံးသွားခဲ့ရကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာန စာရင်းအရ သိရသည်။

အဆိုပါ အပလီကေးရှင်းသည် ရဲတပ်ဖွဲ့နှင့် မတူညီသည့် ဒေသများအကြား သတင်း အချက်အလက် ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် လွန်စွာ ထိရောက်ကြောင်းနှင့် ကလေးငယ် ပျောက်ဆုံးခြင်း သို့မဟုတ် လူကုန်ကူးခံရခြင်း စသည်တို့ ဖြစ်ပွားသည့် နေရာအား မျက်မြင် သက်သေများက သတင်းပို့နိုင်ရန် တွန်းအား ဖြစ်စေခဲ့ကြောင်း အဆိုပါ ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

ထို အပလီကေးရှင်းကို နိုဝင်ဘာလ ၁၆ ရက်တွင် ဗားရှင်း အသစ်ပြောင်းလိုက်ပြီး အခြား လူသိများ ကျော်ကြားသည့် မိုဘိုင်း အပလီကေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုးချဲ့လိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.