Connect with us

Social, Education & Health

တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူးလူမုချီလေဆိပ်တည်ဆောက်မှုလုပ်ငန်းများ တည်ငြိမ်စွာ တိုးတက်လျက်ရှိ 

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူးလူမုချီလေဆိပ် တိုးချဲ့တည်ဆောက်မှု စီမံကိန်းလုပ်ငန်းခွင်အား မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ မေ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ လုပ်ငန်များပြန်လည်လည်ပတ်လာသည့်ကာလတွင် တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီလေဆိပ် တိုးချဲ့တည်ဆောက်မှု စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ လေဆိပ်အဆောက်အဦ(Terminal)ဖောင်ဒေးရှင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး  အဆောက်အဦပင်မပိုင်းတည်ဆောက်မှုလုပ်ငန်း ၇၀ ရာခိုင်နှုန်းအား ယခုနှစ်အတွင်း ပြီးမြောက်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူးလူမုချီလေဆိပ် တိုးချဲ့တည်ဆောက်မှု စီမံကိန်းလုပ်ငန်းခွင်အား မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူးလူမုချီလေဆိပ် တိုးချဲ့တည်ဆောက်မှု စီမံကိန်းလုပ်ငန်းခွင်အား မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူးလူမုချီလေဆိပ် တိုးချဲ့တည်ဆောက်မှု စီမံကိန်းလုပ်ငန်းခွင်အား မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူးလူမုချီလေဆိပ် တိုးချဲ့တည်ဆောက်မှု စီမံကိန်းလုပ်ငန်းခွင်အား မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချီလေဆိပ် ပြုပြင်တိုးချဲ့တည်ဆောက်ရေး စီမံကိန်းကို ပြီးခဲ့သောနှစ် အောက်တိုဘာလမှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ၎င်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း၏ ဆောက်လုပ်ရေး အဓိကစီမံချက်များထဲမှ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ တည်ဆောက်ရာတွင် စတုရန်းမီတာ ၅ သိန်းရှိ လေဆိပ်အဆောက်အဦ(Terminal)အသစ်တည်ဆောက်မှုအပါအဝင် ပြေးလမ်း၂ ခု ၊ စတုရန်းမီတာ ၉၂,၇၀၀ ရှိ သယ်ယူပို့ဆောင်ရေးစင်တာနှင့်အခြားဆက်စပ်အထောက်အပံ့ပစ္စည်းစသည်တို့ ပါဝင်ရာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စီမံကိန်းတစ်ခုလုံးပြီးမြောက်အောင် ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။ (Xinhua)