Connect with us

Social, Education & Health

တရုတ် နိုင်ငံသို့ ပန်ဒါ သားပေါက်ငယ်များ ၂၀၂၀ ခုနှစ် အစောပိုင်းတွင် ပြန်လည် ရောက်ရှိမည်

ပန်ဒါ သားပေါက်ငယ် ကျားဖန့်ဖန့်နှင့် ကျားယွဲ့ယွဲ့တို့ကို တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ကနေဒါ ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံ Calgary တိရစ္ဆာန်ရုံမှ ပန်ဒါ သားပေါက်ငယ်များ ဖြစ်သည့် ကျားဖန့်ဖန့်(Jia Panpan)နှင့် ကျားယွဲ့ယွဲ့(Jia Yueyue) တို့သည် ၂၀၂၀ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်း ပြည်နယ်၏ မြို့တော် ချန်တူး၌ အခြေစိုက်သော ပန်ဒါကြီးမျိုး သုတေသန စခန်းသို့ ရွှေ့ပြောင်းသွားမည် ဖြစ် ကြောင်း Calgary တိရစ္ဆာန်ရုံထံမှ အောက်တိုဘာ ၃၀ ရက်တွင် သိရသည်။

ပန်ဒါ ဝက်ဝံ သားပေါက်ငယ် များဖြစ်သည့် အထီး ဖြစ်သူ ကျားဖန့်ဖန့်နှင့် အမ ဖြစ်သူ ကျားယွဲ့ယွဲ့တို့မှာ ၂၀၁၈ ခုနှစ် မတ်လတွင် Calgary မြို့သို့ ရောက်ရှိလာခဲ့ပြီး ယခုအခါတွင် ၎င်းတို့မှာ လေးနှစ် အရွယ်နီးပါး ရှိကြောင်း သိရသည်။

အဆိုပါ ပန်ဒါ အမြွှာနှစ်ကောင်သည် ကနေဒါ နှင့် တရုတ် နိုင်ငံ တို့အကြား ဌားရမ်းမှု သဘောတူညီချက်၏ သက်တမ်းမှာ ကုန်ဆုံးတော့မည် ဖြစ်သဖြင့် Calgary မြို့မှ ပြန်လာရတော့မည် ဖြစ်ကြောင်း သိရသည်။

ပန်ဒါ အမြွှာနှစ်ကောင်မှာ ကနေဒါနှင့် တရုတ် နိုင်ငံတို့အကြား ဌားရမ်းမှု တစ်စိတ်တစ်ပိုင်း အဖြစ် ၂၀၁၃ ခုနှစ် တွင် Toronto မြို့သို့ ခေါ်ဆောင်လာခဲ့သည့် မိခင် ပန်ဒါမ ဖြစ်သူ Er Shun နှင့် ဖခင် ပန်ဒါထီး Da Mao တို့က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် Toronto တိရစ္ဆာန်ရုံ၌ မွေးဖွားခဲ့ပြီး ပန်ဒါ စုံတွဲ ဖြစ်သည့် Er Shun နှင့် Da Mao တို့သည် ၂၀၂၃ ခုနှစ် အထိ အဆိုပါ တိရစ္ဆာန်ရုံ ပန်ဒါများ ထားရှိရာ နေရာ၌ ဆက်လက် ရှိနေမည် ဖြစ်ကြောင်း သိရသည်။(Xinhua)