Connect with us

Social, Education & Health

နိုင်ငံတကာ ကျောင်းသားများက တရုတ်နိုင်ငံအပေါ်အားပေးထောက်ခံသည့် သဝဏ်လွှာ တစ်စောင် ရေးသားဖော်ပြ

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်မှုအပေါ် နိုင်ငံတကာကျောင်းသားများ၏ အားပေးထောက်ခံသည့် စာလွှာအားတွေ့ရစဉ်(ဆင်ဟွာ)

ချန်ရှား ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် တရုတ်နိုင်ငံအပေါ် ထောက်ခံသည့်အနေဖြင့် နိုင်ငံတကာကျောင်းသားများစွာသည် အတူတကွ ပူးပေါင်း၍ ၎င်းတို့၏ အားပေးထောက်ခံမှု သဝဏ်လွှာ တစ်စောင်ကို ရေးသားဖော်ပြခဲ့သည်။ 

၎င်း သဝဏ်လွှာကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ဟူနန်နည်းပညာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေကြသော နိုင်ငံတကာကျောင်းသားများက ရေးသားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကျောင်းသားများက တရုတ်နိုင်ငံအနေဖြင့် “ အခက်အခဲအားလုံးကို အားအင် အပြည့်ဖြင့် ကျော်ဖြတ်နိုင်လိမ့်မည်ဖြစ်ကြောင်း နှင့် ရောဂါတိုက်ဖျက်ရေးကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း” ထည့်သွင်းဖော်ပြထားသည်။

နိုင်ငံတကာကျောင်းသားများက Weibo လူမှုကွန်ရက်ပေါ်တွင် “ China Jiayou, Wuhan Jiayou ”ဟူ၍ အားပေးထောက်ခံမှု ပြုလုပ်သည့် ဓာတ်ပုံတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတကာကျောင်းသားများက Weibo လူမှုကွန်ရက်ပေါ်တွင် “ China Jiayou, Wuhan Jiayou ”ဟူ၍ အားပေးထောက်ခံမှု ပြုလုပ်သည့် ဓာတ်ပုံတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူများ၏ ခက်ခဲသောအချိန်ကာလများသည် တရုတ်နိုင်ငံ၏ ညီညွတ်မှုတစ်ခုကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းသဝဏ်လွှာထဲတွင် ဆက်လက်ရေးသားထားသည်။

“ ဝူဟန့် မြို့, ခင်ဗျားနဲ့အတူ ကျွန်တော်တို့ ရှိနေပါတယ် ၊ တရုတ်နိုင်ငံ, ခင်ဗျားနဲ့အတူ ကျွန်တော်တို့ ရှိနေပါတယ် ”

အဆိုပါစာသားကို တရုတ် ၊ ရုရှား ၊ အင်္ဂလိပ် စသည့်ဘာသာစကားများဖြင့်ရေးသား၍ လူမှုကွန်ရက်ပေါ်တွင် အသီးသီး မျှဝေခဲ့ကြသည်။

၎င်းတက္ကသိုလ်တွင်လာရောက်ပညာသင်ယူနေသော နိုင်ငံတကာကျောင်းသားများစွာက ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် အောင်မြင်မှုများရရှိရန် တရုတ်နိုင်ငံ၏ စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ယုံကြည်ကြောင်း အသီးသီးပြောကြားခဲ့သည်။

“ ရောဂါကာကွယ်ရေး အသေးစိတ်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တက္ကသိုလ်ဘက်က ကျွန်တော်တို့ဆီ သတင်း ပေးပို့ခဲ့ပြီးဖြစ်ပါတယ် ” ဟု မွန်ဂိုလီယားနိုင်ငံမှ ကျောင်းသားတစ်ဦးဖြစ်သူ Darisuren Suvd-Erdene က ဆိုသည်။ “ ကျွန်တော်တို့ကို နေ့စဉ် ကိုယ်အပူချိန်လာတိုင်းပေးတယ် ၊ အစားအစာတွေ ၊ မျက်နှာဖုံးတွေနဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါတယ် ” ဟူ၍ ဆက်လက်ပြောကြားခဲ့သည်။

“ တရုတ်နိုင်ငံနဲ့အတူ ကျွန်တော်တို့ ရပ်တည်နေပါတယ် ၊ ဒီရောဂါတိုက်ဖျက်ရေးကို တရုတ်နိုင်ငံအစိုးရက လုပ်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော်တို့အပြည့်အဝယုံကြည်ပါတယ်” ဟု မော်ရိုကိုနိုင်ငံမှ လာရောက်ပညာသင်ကြားသော El Hatimi Laila ဆိုသူက ပြောသည်။

ထို့ပြင် ဥဇဘတ်ကစ္စတန်နိုင်ငံမှ ကျောင်းသားတစ်ဦးဖြစ်သူ Nezamov Rasul ကလည်း “ တရုတ်နိုင်ငံနဲ့အတူ ကျွန်တော်ရှိနေပါတယ် ။ ဒီအရာကို ကျွန်တော်တို့အတူတကွ ဖြတ်ကျော်သွားမှာပါ” ဟူ၍ ၎င်း၏ လူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။  (Xinhua)