Connect with us

Social, Education & Health

နှစ်စဉ် တန်ဖိုးသင့် အိမ်ရာစီမံကိန်း သတ်မှတ်ချက် ပြည့်မီလုနီး

တရုတ်နိုင်ငံ ဟဲပေး ပြည်နယ်တွင် အသစ် ဆောက်လုပ်ပြီးစီးသော အိမ်ရာများ (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

တန်ဖိုးသင့် အိမ်ရာ စီမံကိန်း အစီအစဉ် အတွက် နှစ်စဉ် သတ်မှတ်ချက်အား တရုတ်နိုင်ငံက လက်တွေ့ အကောင် အထည်ဖော်နေကြောင်း အိုးအိမ်နှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးမှု ဝန်ကြီးဋ္ဌာန၏ သတင်းအချက် အလက်များက ပြသနေကြောင်း သိရသည်။

တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၆.၈၅ သန်း တည်ဆောက်ရေးအား ယခုနှစ်တွင် စတင်ခဲ့ပြီး ဖြစ်ကြောင်း၊ ၎င်းက တစ်နှစ် လုံးအတွက် ရည်မှန်းချက်ဖြစ်သော အခန်းပေါင်း ၇.၄ သန်း၊ တည်ဆောက်ရေး၏ ၉၂ ရာခိုင်နှုန်း ရှိကြောင်း ဝန်ကြီးဋ္ဌာန စာရင်းများ အရ သိရသည်။

စက်တင်ဘာလ အကုန်တွင် အခန်းပေါင်း ၆.၂၅ သန်း တည်ဆောက်မှု ပြီးစီးလုနီးပြီ ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ခွင့်ပြုခဲ့သော ထိုစီမံကိန်းသည် ဝင်ငွေနည်းမိသားစုများ အတွက် ဈေးနှုန်းသက်သာသော အိမ်ရာများ ဖော် ဆောင်ပေးနိုင်ရန် အတွက် ဖြစ်ပါသည်။

လွန်ခဲ့သော လေးနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် တန်ဖိုးနည်း အိမ်ရာပေါင်း သန်း ၂၀ ကျော် တည် ဆောက်ပေးခဲ့သည်။ တရုတ် အစိုးရအဖွဲ့က ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်အတွင်း မြို့ပြ တွင် တိုက်ခန်းပေါင်း ၁၈ သန်း တည်ဆောက်ရန်နှင့် ကျေးလက်ရှိ နေအိမ် ၁၀.၆ သန်းအား ပြန်လည်ပြုပြင် ပေးရန် စီစဉ်ထားကြောင်း အစောပိုင်းက ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.