Social, Education & Health
မသန်ပေမယ့် စွမ်းသည့် ကျေးလက်ဆရာဝန်တစ်ဦး (သို့မဟုတ်) လက်တစ်ဖက်ပြတ်ဒေါက်တာ
ကျန်းရှီး ၊ မေ ၁ ရက် (ဆင်ဟွာ)
အရေးပေါ် ဖုန်းခေါ်ဆိုမှုတစ်ခုကို ဒေါက်တာ လီယန် ( Li Yan) လက်ခံရရှိခဲ့ပါတယ်။ ဖုန်းပြောပြီးပြီးခြင်းမှာပဲ ဆရာဝန်ကြီးဟာ ဆေးသေတ္တာကို ပုခုံးထက်မှာလွယ်ရင်း သူ့စီးတော်ယာဉ် မော်တော်ဆိုင်ကယ်ကို စက်နှိုးလိုက်ပါတယ်။ လက်တစ်ဖက်တည်းသာရှိတဲ့ ဆရာဝန်ကြီးဟာ စီးတော်ယာဉ်ကို ကောင်းစွာ ထိန်းချုပ်မောင်းနှင်ရင်း လူနာရှိရာကို ဦးတည်ထွက်သွားပါတော့တယ်။
ဒေါက်တာလီ ဟာ ကျန်းရှီးပြည်နယ်(Jiangxi) ၊ တုပိုး(Toupo) ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျေးလက်ဆရာဝန်တစ်ဦးပါ။ အဲဒီမြို့ရဲ့ ဆေးရုံငယ်လေးတစ်ခုမှာ ဒေါက်တာလီလိုမျိုး ဆရာဝန်တွေ အလုပ်လုပ်ကိုင်နေကြရင်း သူတို့ဟာ အရေးပေါ် တုံ့ပြန်အကူအညီပေးရေး နဲ့ဆေးကုသရေးတွေကို ဆောင်ရွက်နေကြပါတယ်။ ဒီလိုဆရာဝန်တွေဟာ တရုတ်တစ်နိုင်ငံလုံးမှာ အရေအတွက်အားဖြင့် တစ်သန်းကျော်မျှ ရှိပါတယ်။
တုပိုး(Toupo) ဟာ နာမည်အရ မြို့လေးတစ်မြို့လို့ဆိုပေမယ့် လက်တွေ့မှာတော့ ရွာငယ်လေးတွေကို စုစည်းထားတဲ့ ရွာကြီးတစ်ရွာလို ဖြစ်နေပါတယ်။ ဒေါက်တာလီရဲ့ ဆေခန်းကတော့ အဲဒီမြို့မှာ သွယ်တန်းနေတဲ့ တောင်တန်းတစ်ခုရဲ့ ခြေရင်းတစ်လျှောက်မှာပါပဲ။ ဒီဒေသမှာ နေထိုင်တဲ့ ဒေသခံ ၁,ဝဝဝ ကျော်ဟာ သီးခြားကမ္ဘာလေးတစ်ခုလို ဖြစ်နေပြီး သူတို့အတွက် ဘုရားကျောင်းလည်း မရှိပါဘူး။
လက်တစ်ဖက်တည်းရှိသော်လည်း ကီလိုမီတာ ၄ဝဝ,ဝဝဝ ကျော်ကို လှည့်လည်ဆေးကုသပေးခဲ့သော ဒေါက်တာ လီယန် အားတွေ့ရစဉ်(ဆင်ဟွာ)
ဒါဟာ ဘာကြောင့် ဒေါက်တာလီ အနေနဲ့ဆိုင်ကယ်ကို အသုံးပြုပြီး သွားလာနေရတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုပါပဲ။
“ ဒီဆိုင်ကယ်က ကျနော့်ရဲ့ ငါးစီး မြောက်ဆိုင်ကယ်လေ။ တစ်စီးပြီးတစ်စီး ပျက်သွားလို့ပြောင်းပြောင်းစီးနေရတာပေါ့” လို့သူ ကဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၇ နှစ်တာကာလအတွင်းမှာ ဒေါက်တာလီဟာ လူနာတွေကိုတစ်အိမ်တက်တစ်အိမ်ဆင်း ဆေးကုသပေးဖို့ဆိုင်ကယ်မောင်းခဲ့တဲ့ ခရီးအကွာအဝေးဟာ အနည်းဆုံး ၄ဝဝ,ဝဝဝ ကီလိုမီတာအထိ ရှိပါတယ်။
လီအသက် ၂ဝ နှစ်အရွယ်မှာ မြွေကိုက်ခံရပါတယ်။ ရလဒ်ကတော့ သူ့လက်တစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။သူဟာမသန်စွမ်းဘဝ ရောက်နေပေမယ့် သူ့ပတ်ဝန်းကျင်ကို အကျိုးပြန်ပြုနိုင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့အမြဲ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။
“ နေ့နေ့ညည ဘယ်အချိန်မျိုးမှာမဆို ဒေါက်တာလီကို ကျွန်တော်တို့လိုအပ်ပါတယ်။ သူဟာ အမြဲတမ်း စိတ်ရှည်ပြီး တည်ငြိမ်သူတစ်ဦးပါ” လို့အသက် ၈ဝ ကျော် အဆစ်အမြစ်ရောင်ဝေဒနာခံစားနေရတဲ့ အဖိုးအို Wu Chunjin က ဆိုပါတယ်။
ကျန်းရှီးပြည်နယ်ဟာ စိမ်းညို့ညို့တောင်တန်းကြီးတွေနဲ့ဝိုင်းရံနေပေမယ့် မမြင်နိုင်တဲ့ အန္တရာယ်တွေလည်း ပုန်းရှိုးကွယ်ရှိုးရှိနေပါတယ်။ အထူးသဖြင့် လက်တစ်ဖက်တည်းနဲ့ဆိုင်ကယ်မောင်းပြီး သွားလာနေရတဲ့ ဒေါက်တာလီ အတွက်ပေါ့။ မိုးသည်းထန်စွာရွာသွန်းတာ ၊ ရွှံ့ညွန်ထူတပ်တဲ့ လမ်းတွေ ၊ အလင်းရောင်ပျော့ပျော့ဖြစ်တဲ့ လမ်းမီးတွေ နဲ့ကျက်စားသွားလာနေတဲ့ တောကောင်တွေဟာ လီ အတွက် အနှောက်အယှက်အတားအဆီးတွေပါပဲ။
တစ်ကြိမ်မှာတော့ ဒေါက်တာလီရဲ့ ဆိုင်ကယ်ဟာ ကျင်းပေါက်တစ်ခုထဲကို ကျွံကျသွားလို့သူ့သွား ဆယ့်တစ်ချောင်း ကျွတ်သွားပါတယ်။ သူကိုယ်တိုင်လည်း သတိမေ့မျောသွားပါတော့တယ်။ လီရဲ့ ဇနီးသည်ကတော့ လီအပြင်ထွက်သွားတိုင်း ဖုန်းခေါ်လို့မရရင် စိတ်ပူပင်စရာတွေ ဖြစ်ရစမြဲပါပဲ။
လီဟာ အန္တရာယ်တွေကို မမှုဘဲ ဆက်ပြီး ခရီးနှင်နေပါတယ်။ဒါဟာသူ့ရဲ့ တာဝန်ဝတ္တရား လို့ခံယူထားရင်းပေါ့။ တုပိုးလို မဖွံ့ဖြိုးသေးတဲ့ ဒေသလေးမှာ တစ်ခါတစ်ရံ တစ်ဦးတည်နေထိုင်တဲ့ သက်ကြီးပိုင်း လူနာတွေဆီ သွားရောက်ဆေးကုဖို့ဆိုရင် မော်တော်ဆိုင်ကယ်ဟာ အလျင်မြန်ဆုံးနဲ့ဈေးအသက်သာဆုံး စီးတော်ယာဉ်ပါပဲ။
အစိုးရပိုင်းအနေနဲ့ကျေးလက်ဒေသမှာ အခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းပေးဖို့ရံဖန်ရံခါ နှေးကွေးမှုတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အင်တာနက် ကတော့ အဲဒါတွေကို ပြောင်းလဲပစ်လိုက်ပါပြီ။တရုတ်နိုင်ငံရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေး အစီအစဉ် က လီ တို့လိုမျိုး ကျန်းမာရေးလုပ်သားတွေ ရဲ့ အလုပ်တာဝန်ကို လျှော့ချပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
လီရဲ့ လက်ကိုင်ဖုန်းဟာ သူ့ရဲ့ တစ်ရက် လုပ်ငန်းဆောင်တာတွေ ၊ ကိုးကားရမယ့် ကိရိယာတွေ ၊ အချိန်ဇယားတွေ ၊ မှတ်ဉာဏ်ပြန်ခေါ်မှုတွေအတွက် အများကြီးထောက်ပံ့ကူညီပေးပါတယ်။ အဲဒီလက်ကိုင်ဖုန်းကတဆင့် လူနာ ၄ဝဝ ကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခဲ့တဲ့ စံချိန်တစ်ရပ်ကို တင်နိုင်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ ကလေးငယ်တွေ နဲ့ တုပိုးမြို့နဲ့အလှမ်းကွာဝေးစွာတည်ရှိနေတဲ့ ဒေသက ပြည်သူတွေ အတွက် ဖုန်းကတဆင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ နောက်ထပ်လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ သူဆေးကုသတဲ့ ဧရိယာတစ်ဝိုက်ကို အနှံ့အပြားသွားဖို့နဲ့ကျမ်းပြုစုဖို့ဆိုရင် အချိန် ၃ လလောက် ယူရမယ်လို့ လီက ဆိုပါတယ်။
လီဟာ ခြေလက်အင်္ဂါအစိတ်အပိုင်းတွေကို အထူးဂရုစိုက်တတ်သူ တစ်ဦးပါ။
“ လက်နှစ်ဖက်စလုံး ပြတ်နေတဲ့လူတွေတောင် ခြေထောက်နဲ့စာရေးနိုင်သေးတာပဲ။ ဒါကြောင့် ကျွန်တော်လည်း လက်တစ်ဖက်တည်းနဲ့လူနာတွေကို ရအောင် ဆေးကု နိုင်တာပေါ့” လို့သူကဆိုပါတယ်။
လက်တစ်ဖက်တည်းရှိသော်လည်း ကီလိုမီတာ ၄ဝဝ,ဝဝဝ ကျော်ကို လှည့်လည်ဆေးကုသပေးခဲ့သော ဒေါက်တာ လီယန် အားတွေ့ရစဉ်(ဆင်ဟွာ)
လက်တစ်ဖက်တည်းရှိသော်လည်း ကီလိုမီတာ ၄ဝဝ,ဝဝဝ ကျော်ကို လှည့်လည်ဆေးကုသပေးခဲ့သော ဒေါက်တာ လီယန် အားတွေ့ရစဉ်(ဆင်ဟွာ)
လက်တစ်ဖက်တည်းရှိသော်လည်း ကီလိုမီတာ ၄ဝဝ,ဝဝဝ ကျော်ကို လှည့်လည်ဆေးကုသပေးခဲ့သော ဒေါက်တာ လီယန် အားတွေ့ရစဉ်(ဆင်ဟွာ)
လီဟာ ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးနည်းနဲ့ သူ့လက်တစ်ဖက်က လက်ချောင်း သုံး ချောင်းကို အသုံးပြုနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဖိအားတွေကို ကောင်းကောင်းခံနိုင်ရည်ရှိဖို့ နဲ့ အလုပ်လုပ်တဲ့ နေရာမှ တိကျမှန်ကန် ဖို့ လက်ချောင်း သုံးချောင်း ကို လှုပ်ရှားလို့ရအောင် ကိုယ်တိုင် လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။
“ အစပိုင်းတုန်းက ကျွန်တော့်လူနာတွေဟာ ဆေးထိုးတဲ့ အခါမျိုးမှာ ကုသရေးတွေမှာ စိုးရိမ်ပူပန်မှုတွေရှိပါတယ်။ဒါပေမယ့် ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေကို မြင်တွေ့သွားပြီးတဲ့နောက်မှာတော့ သူတို့အဆင်ပြေသွားကြပါတယ် ” လို့လီက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ လီဟာ ဦးနှောဏ် အာရုံကြော နဲ့ခြေလက်အင်္ဂ ါကုသမှုတွေမှာ အထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့များပြားလှတဲ့ ဆင်းရဲနွမ်းပါး ဝေဒနာရှင်တွေကို အခမဲ့ ဆေးကုသပေးနေလို့ သူ့ဝင်ငွေဟာလည်း မယ်မယ်ရရ တိုးလာတာမရှိပါဘူး။
“ သူတို့မှာ အခြေခံကျကျ ဝင်ငွေလမ်းကြောင်း မရှိပါဘူး။ ဒါကြောင့် ဒီကိစ္စအတွက် သူတို့မှာ အပူတစ်ခု လျော့ရတာပေါ့ ” လို့လီကပြောပါတယ်။
အခုအခါ တရုတ်နိုင်ငံမှာ ကျေးလက်ဆေးပေးခန်းပေါင်း ၆၄ဝ,ဝဝဝ ခု ဖွင့်လှစ်ထားပြီး ၊ ကျေးလက်ဆရာဝန်ပေါင်း ၁ သန်းကျော်က ဆေးကုသပေးနေပါတယ်။ ဆေးခန်းတစ်ခုချင်းစီမှာ တစ်နှစ်လျှင် ပျမ်းမျှ လူနာပေါင်း ၂,၉ဝဝ ဦးကို ဆေးကုသပေးနေတယ်လို့တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါက်တာလီလို မျိုးဆရာဝန်ကတော့ တရုတ်နိုင်ငံအတွင်းက ကျေးလက်နေပြည်သူ သန်းပေါင်းများစွာအတွက် ဘဝမီးအိမ် တစ်ခုပါပဲ။
“ ကျွန်တော့်လက်တစ်ဖက်ကို ဆုံးရှုံးထားရပါတယ်။ ဒါပေမယ့် အဲဒါက လိုအပ်နေတဲ့လူတွေကို အကူအညီပေးဖို့ကျွန်တော့်ကို နောက်မတွန့်စေခဲ့ပါဘူး။ ဒါဟာ ဘာကြောင့် ကျွန်တော်ပြီးမြောက်အောင် လုပ်ပေးခဲ့လဲ ဆိုတဲ့ အချက်ပါပဲ ” ဟု လီက ဆိုသည်။(Xinhua)