Connect with us

Social, Education & Health

တရုတ်နိုင်ငံ ပေကျင်း၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကာလအတွင်း ဘတ်စ်ကားများ ဟွန်းတီးခြင်းကို ပိတ်ပင်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လာရောက်ဖြေဆိုသူ ကျောင်းသားကျောင်းသူများအား မိဘများက အားပေးစကားပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ တွင် စာဖြေဆိုသူများ အတွက် တိတ်ဆိတ်ငြိမ်သက်မှုရှိစေရန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရာ နေရာ ၉၁ ခု အနီးရှိ ဘတ်စ်ကားလမ်းကြောင်း ၃၈၁ခု တွင် ဟွန်းတီးခြင်းများ မပြုလုပ်ရန် ပေကျင်းမြို့ ဘတ်စ်ကားမောင်းသူများအား သတိပေးထားကြောင်း သိရသည်။

၂၀၁၈ခုနှစ် အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အား ပေကျင်းမြို့၌ ဇွန် ၇ ရက် နှင့် ဇွန် ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသားများ သွားလာရေးအဆင်ပြေစေရန် လမ်းကြောင်း ၃၈၁ခု ၌ ဘတ်စ်ကားများ ပိုမိုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပေကျင်းဘတ်စ်ကားအုပ်စု က ဇွန် ၆ ရက်တွင်ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းမှ ကျောင်းသား ၉.၇၅သန်းခန့်သည် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ၈နှစ်တာကာလအတွင်း အများဆုံး စာရင်းပေးသွင်းမှုဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အား ပိုမိုမြင့်မားသော ပညာသင်ကြားခွင့်ရရှိရန် တရားမျှတသော နည်းလမ်းဖြင့် ကျောင်းသားများအား အရည်အချင်းစိစစ်သော စာမေးပွဲတစ်ခုအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.