Connect with us

Social, Education & Health

အီသီယိုးပီယားတွင် တရုတ်နိုင်ငံမှ တာဝန်ယူ ဖောက်လုပ်သော ရထားလမ်း စီမံကိန်း ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ စတင်ဆောင်ရွက်

အက်ဒစ် အဘာဘာ လျှပ်စစ်ရထားလမ်း ပို့ဆောင်ရေး စီမံကိန်း (AA-LRT) ရထား စီး ခရီးသည်များ (ဆင်ဟွာ)

အက်ဒစ် အဘာဘာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အက်ဒစ် အဘာဘာ လျှပ်စစ်ရထားလမ်း ပို့ဆောင်ရေး စီမံကိန်း (AA-LRT) သည် အီသီယိုးပီးရား နိုင်ငံ မြို့တော်တွင် တစ်နေ့လျှင် ထောင်သောင်း များစွာသော ပြည်သူများ သွားလာရေး လွယ်ကူ အဆင်ပြေစေရန် ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနေပြီ ဖြစ်ကြောင်း စီမံကိန်းမှ တာဝန် ရှိသူများ၏ ပြောကြား ချက်အရ သိရှိရသည်။

လျှစ်စစ် ဓါတ်အားသုံး အက်ဒစ် အဘာဘာ လျှပ်စစ် ရထားလမ်း ပို့ဆောင်ရေး (AA-LRT) သည် အာဖရိက တိုက်တွင် ရထားလမ်း နှစ်လိုင်း နှင့် စုစုပေါင်း အလျား ၃၄ ကီလိုမီတာ ရှိသည့် ပထမဆုံးသော လျှပ်စစ် ရထားလမ်း ဖြစ်သည်။

အဆိုပါ ရထားလမ်းကို တရုတ် နိုင်ငံ ရထားလမ်း အုပ်စု (CREC) မှတာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ရှန်ကျန်း မက်ထရို အုပ်စုမှ လုပ်ငန်း လည်ပတ်ရေးကို လုပ်ဆောင်လျက် ရှိသည်။ AA-LRT ဝန်ဆောင်မှုများကို စက်တင်ဘာ ၂၀ ရက်နေ့တွင် တရားဝင် စတင်ခဲ့ပြီး ကာလီတီ ဧရိယာမှ မဲနယ်လဒ် ၂ ရင်ပြင် ထိ ပြေးဆွဲမည် ဖြစ်သည်။

AA-LRT စီမံကိန်းမှ အထွေထွေ မန်နေဂျာ ကောင်းရွှမ်းမှ ရထားလမ်း တရားဝင် စတင် လည်ပတ်သည့် အချိန်မှ ယနေ့အထိ ၁၀ ရက်တာ ကာလအတွင်း အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဆင်ဟွာသို့ ပြောသည်။

ကောင်းရွှမ်းမှ ရထားလမ်းသည် မျှော်လင့်ထားသလို လုပ်ငန်းပိုင်းမှာ အဆင်ပြေချောမွေ့ခဲ့ပြီး ဘေးကင်းမှုနှင့် လုံခြုံရေးကို အဓိကထား ဆောင်ရွက်ထားကြောင်း၊ ယခု ဖောက်လုပ်ထားသည့် လျှပ်စစ် ရထားလမ်းမှာ အက်ဒစ် အဘာဘာ ပြည်သူများအတွက် နည်းပညာ အသစ်ဖြစ်တဲ့အပြင် ၎င်းတို့ ကြိုက်နှစ်သက် ကြကြောင်း နှင့် လက်ရှိတွင် အဆိုပါ ရထား အသုံးပြုသူမှာ တစ်နေ့လျှင် ၆၀,၀၀၀ အထိ မြင့်တက်လာပြီး နောက်ပိုင်းတွင် ပိုမို တိုးပွားလာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

အီသီယိုးပီးယား ရထားလမ်း ကော်ပိုရေးရှင်းမှ Henok Bogale ကလဲ လုပ်ငန်း လည်ပတ်မှုများသည် ရှန်ကျန်း မက်ထရို ၏ ဂရုတစိုက် လုပ်ဆောင်မှုများ ကြောင့် ဘေးကင်း လုံခြုံမှုရှိပြီး အရာရာ အဆင်ပြေကြောင်း ပြောကြားသည်။

AA-LRT ၏ လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအနေဖြင့် ရှန်ကျန်း မက်ထရို အုပ်စုသည် ဒေသခံ စီမံခန့်ခွဲသူများ နှင့် နည်းပညာဆိုင်ရာ ဝန်ထမ်းများကို သင်တန်း ပေးခဲ့ကြောင်းသိရှိရသည်။ AA-LRT၏ ရထားလမ်းပိုင်း စီမံခန့်ခွဲသူ Tewodros Legesse သည် တရုတ်နိုင်ငံတွင် ပထမအသုတ် လေ့ကျင့်ရေး သင်တန်းဆင်းထဲမှ တစ်ယောက်ဖြစ်ပြီး ၎င်းမှ ပထမဆုံး သင်တန်းဆင်း အုပ်စုတွင် ပါဝင်ပြီး သူ၏ ပြည်သူများကို မြင့်မားသော နည်းပညာများဖြင့် ပြန်လည် အမှုထမ်းခွင့် ရရှိသည်ကို အလွန် ပျော်ရွှင်မိပါကြောင်း ပြောကြားခဲ့သည်။

ကိုတယ်ဘဲ ဧရိယာတွင် နေထိုင်သူ မယ်လာကူ မှ လျှပ်စစ်ရထားလမ်း သည် ပို့ဆောင် သွားလာရေး ပြဿနာများ ကို ဖြေရှင်းနိုင်မည် ဖြစ်ပြီး ပြည်သူ လူထုအနေ ဖြင့် ကောင်းကျိုးများ ခံစားနိုင်ကြောင်း၊ အခြေခံ လူတန်းစားများ ငွေကြေး ကုန်ကျမှု နည်းပါးသွားပြီး အချိန်သက်သာ သွားသောကြောင့် အလွန် ကောင်းမွန်ပါကြောင်း ဆင်ဟွာသို့ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.