Connect with us

Social, Education & Health

မက်ဒါဂက်စကာ၊ ချီလီနဲ့ ဆလိုဗက်ကီးယားမှ အစီအစဉ် သုံးခု ကွန်ဖြူးရှပ်ဆု ချီးမြှင့်ခံရ

ကွန်ဖြူးရှပ်၏ ၂,၅၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ကျင်းပနေစဉ် (ဆင်ဟွာ)

ကျီနန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကျောင်းပြင်ပ ကလေးငယ်များ၊ အကျဉ်းသားများနှင့် ယခင်က အိမ်ခြေ အတည်တကျ မရှိသူများ အတွက် ရည်ရွယ်ထားသော ပညာရေးဆိုင်ရာ အစီအစဉ် သုံးခုသည် ယခုနှစ်အတွက် စာတက်မြောက်ရေး ဆိုင်ရာ ယူနက်စကို ကွန်ဖြူးရှပ် ဆုချီးမြှင့်ခြင်း ခံခဲ့ရပါသည်။

အဆိုပါ အစီအစဉ်များသည် မက်ဒါဂက်စကာ၊ ချီလီနဲ့ ဆလိုဗက်ကီးယား နိုင်ငံများမှ ဖြစ်ကြောင်း ယူနက်စကိုအရာရှိ ဒေးဗစ် အာ့ချောရီနာ က တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်း ပြည်နယ်ရှိ ကျူဖူးတွင် ပြုလုပ်သော တရုတ် ကျူဖူး နိုင်ငံတကာ ကွန်ဖြူးရှပ် ယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲ အခမ်းအနား၌ ကြေညာခဲ့ခြင်း ဖြစ်သည်။

မက်ဒါဂက်စကာနိုင်ငံက တင်ပြသော အစီအစဉ်သည် ကျောင်းမနေနိုင်သော လူငယ် များအား ပြန်လည် စာသင်ကြားခွင့် ရရေး ကူညီရန် အတွက် လုပ်ဆောင်သွားမည် ဖြစ်သည်။ ချီလီနိုင်ငံ Valparaiso ရှိ Juan Luis Vives ကျောင်းမှ တင်ပြသော အစီစဉ်မှာတော့ အရွယ်ရောက်ပြီးသော အကျဉ်းသားများအား ပညာ သင်ကြားပေးရန် အတွက် ဖြစ်ပါ သည်။ ဆလိုဗက်ကီးယားနိုင်ငံမှ Svatobor အသင်းကတော့ ချို့ငဲ့မှုရှိနေသော ရောမ လူမျိုးများအား ပညာ သင်ကြားပေးရန်နှင့် အရည်အသွေး မြှင့်တင်ရေး သင်တန်းများ ပေးရန်အတွက် ဖြစ်သည်။

စာတတ်မြောက် ရေးဆိုင်ရာ အတွက် ပေးအပ်သော ကွန်ဖြူးရှပ်ဆုအား ၂၀၀၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး တစ်ဦးချင်း၊ အစိုးရချင်း နှင့် အင်န်ဂျီအိုများ၏ စာတတ်မြောက်ရေး အားထုတ်မှုများအတွက် တွန်းအားပေးသွားရန် ရည်ရွယ်ထားပါသည်။

လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂၇ ခုက ထိုဆုများလက်ခံရရှိပြီး ဖြစ်ကြောင်း ယူနက်စကိုဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ကော်မရှင် ဒုတိယ အထွေထွေ အတွင်းရေးမှူး ကျိုး ကျားကွေ့ ကပြောသည်။ ၎င်းဆုသည် တရုတ်နိုင်ငံမှ အထင်ကရ ပုဂ္ဂိုလ် တစ်ဦး၏အမည် ဖြင့် ချီးမြှင့်သည့် ပထမဆုံး နိုင်ငံတကာဆု ဖြစ်သည်။ကွန်ဖြူးရှပ်ကို ကျူဖူးတွင် ဘီစီ ၅၅၁ ကမွေးဖွားခဲ့သည်။ ပရဟိတလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ သီအိုရီများ သည် တရုတ်နိုင်ငံ၌ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ထင်ရှားသော အတွေးအမြင်အဖြစ် တည် ရှိနေခဲ့ ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.