Connect with us

Social, Education & Health

တရုတ်နိုင်ငံသား ဆေးဝါး သုတေသန ပညာရှင် တရုတ်နိုင်ငံ၏ ပထမဆုံး နိုဗယ်ဆုရ အမျိုးသမီး ပညာရှင် ဖြစ်လာ

တရုတ် ဆေးဖက်ဝင် အပင်များ ကျွမ်းကျင်ပညာရှင် တူးယို့ယိုး အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

တရုတ် ဆေးဖက်ဝင် အပင်များ ကျွမ်းကျင်ပညာရှင် တူးယို့ယိုး သည် သိပ္ပံနယ်ပယ်တွင် တရုတ်နိုင်ငံ ၏ ပထမဆုံး နိုဗယ်ဆုရ အမျိုးသမီး ပညာရှင်တစ်ယောက် ဖြစ်လာပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးရုံ သာမက အနာဂါတ် တရုတ် တိုင်းရင်းဆေးပညာ တိုးတက် ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်များ ယူဆောင်လာနိုင် ကြောင်းသိရသည်။

တူး ကို ၁၉၃၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၁၅ ခုနှစ် ဇီဝကမ္မဗေဒ (သို့) ဆေးပညာဆိုင်ရာ နိုဗယ်ဆုကို သူမ၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကုထုံး ရှာဖွေတွေ့ရှိမှုအတွက် ရရှိခဲ့ခြင်း ဖြစ်ပြီး ၎င်း ဆုကို သံလုံးကောင်း ကူးစက်ရောဂါ ကုထုံး ရှာဖွေတွေ့ရှိခဲ့သည့် အိုင်းရစ် နိုင်ငံသား ဝီလျှံကန့်ဘဲလ် နှင့် ဂျပန်နိုင်ငံသား ဆာတိုရှိ အိုမူရာ တို့နှင့်အတူ တွဲဖက်ရရှိခဲ့ ခြင်းဖြစ်ကြောင်း ဆွီဒင်နိုင်ငံ ကာရိုလင်းစကား တက္ကသိုလ်ရှိ နိုဗယ်ဆု အဖွဲ့အစည်းက တနင်္လာနေ့တွင် ကြေငြာခဲ့သည်။

အဆိုပါ ဆေးဝါးပညာရှင်မှ အာတီမီဆင်နင် (Artemisinin) ခေါ် ဆေးတစ်မျိုးကို ရှာဖွေတွေ့ခဲ့ခြင်း ဖြစ်ပြီး ၎င်း ဆေးသည် ငှက်ဖျားရောဂါ ခံစားနေရသော လူနာများ သေဆုံးမှုနှုန်းကို သိသိသာသာ လျော့ကျစေကြောင်း သိရသည်။

တူး ၏ နိုဗယ်ဆုရရှိမှုသည် သိပ္ပံ နှင့် နည်းပညာဆိုင်ရာ နယ်ပယ်တွင် တရုတ်နိုင်ငံ၏ တိုးတက် အောင်မြင်မှုကို ပြသရုံသာမက တရုတ်ရိုးရာ ဆေးပညာ၏ လူသားတို့ ကျန်းမာရေး အတွက် အကျိုးပြုနိုင်မှု အတွက် အမှတ်အသား တစ်ခု ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ ကြီးထွားလာသော စွမ်းအား နှင့် နိုင်ငံတကာအလယ်တွင် တရုတ်၏ရပ်တည်မှု မြင့်မားလာခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်မှ တနင်္လာနေ့ ညနေ ၌ ပေးပို့သော ဂုဏ်ပြု မှတ်တမ်းလွှာတွင် ဖော်ပြထားသည်။တရုတ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး အဖွဲ့အစည်းမှလဲ တူး ထံသို့ တနင်္လာနေ့ ညနေတွင် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးပို့ခဲ့ပြီး သူမ၏ အောင်မြင်မှုသည် တရုတ်အမျိုးသမီးထု တစ်ရပ်လုံး၏ အောင်မြင်မှုဖြစ် ကြောင်းပြောကြားခဲ့သည်။

တူး သည် ၂၀၁၁ ခုနှစ်တွင် ငှက်ဖျား တိုက်ဖျက်ရေး ကုထုံးဖြင့် အမေရိကား၏ လေးစားရသော လက်စကာဆု ကို ရရှိခဲ့သည့် ပြည်မကြီးမှ ပထမဆုံး သိပ္ပံပညာရှင် တစ်ယောက်ဖြစ်သည်။ တူးသည် ၁၉၅၅ ခုနှစ်တွင် ပီကင်း တက္ကသိုလ် ကျန်းမာရေး သိပ္ပံစင်တာ (ယခင် ပေကျင်း ဆေးပညာ ကောလိပ်) မှ ဘွဲ့ရရှိခဲ့ပြီး ပေကျင်း အခြေစိုက် တရုတ်နိုင်ငံ ဆေးပညာ သိပ္ပံဆိုင်ရာ အကယ်ဒမီ တွင် သုတေသီ အကြီးအကဲ အဖြစ်သာမက ပါမောက္ခ အဖြစ်ပါ တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

ဇီဝကမ္မဗေဒ (သို့) ဆေးပညာဆိုင်ရာ နိုဗယ်ဆု ကော်မတီ မှ ဥက္ကဌ ဂျူးလင်း အာဇီးရာ့တ် မှ တူး၏ ရှာဖွေ တွေ့ရှိမှုသည် အရေးကြီးကြောင်း၊ အဓိကအချက် အနေဖြင့် တူးသည် တရုတ်ရိုးရာ ဆေးပင်မှ အစွမ်း အာနိသင် ထက်မြတ်သော ပါဝင်ပစ္စည်း တစ်မျိုးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို အစွမ်း အာနိသင်ကို ခေတ်သစ် ဓာတုဗေဒ နည်းလမ်းများ နှင့် ဇီဝဗေဒ နည်းလမ်းများကို အသုံးချ၍ ဆေးဝါးသစ်များကို ဖော်ထုတ်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ မို့ရန်သည် စာပေနိုဗယ်ဆုကို ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.