Connect with us

Sport

တရုတ်-အာဆီယံ ကြက်တောင်ပြိုင်ပွဲအား ကွမ်ရှီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၂၀၁၆ ခုနှစ် ရီယို အိုလံပစ်ပွဲတွင် ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံ ကိုယ်စားပြုအသင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ တရုတ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ပထမအကြိမ် တရုတ်-အာဆီယံ ကြက်တောင် တံခွန်စိုက်ပြိုင်ပွဲအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် အောက်တိုဘာလ ၇ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် Sudirman Cup အိမ်ရှင်မြို့ ဖြစ်သည့်အားလျော်စွာ နန်နင်းမြို့သည် ပရိသတ်များအတွက် အံဖွယ် အတွေ့အကြုံများ အကောင်းဆုံး ပေးစွမ်းနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်သူများက ဆိုသည်။

ပြိုင်ပွဲ၌ ကွမ်ရှီးနှင့်အတူ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း စသော အာဆီယံ နိုင်ငံများမှ အသင်း ၆ သင်းက ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲများအား Sudirman Cup ပုံစံအတိုင်း ပြုလုပ်မည် ဖြစ်သည်။ အသင်း ၆ သင်းအား အုပ်စု နှစ်စုခွဲထားမည်ဖြစ်ပြီး အုပ်စု တစ်စုဆီမှ ထိပ်ဆုံး အသင်း နှစ်သင်းမှ ရှုံးထွက်အဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပါဝင် ယှဉ်ပြိုင်သူများအနက် လူသိအများဆုံး အားကစားသမားမှာ ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ်ပွဲ ရွှေတံဆိပ်ဆုရှင် အင်ဒိုနီးရှားနိုင်ငံမှ Markis Ki do ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.