Connect with us

Sport

၂၀၂၁ခုနှစ် အာရှလူငယ် အားကစားပြိုင်ပွဲအား တရုတ်နိုင်ငံ ရှန့်ထုံမြို့၌ လက်ခံကျင်းပမည်

တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် ၂၀၁၃ခုနှစ် အာရှလူငယ် အားကစားပြိုင်ပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ရှန့်ထုံ၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန့်ထုံမြို့၌ ၂၀၂၁ခုနှစ် အာရှလူငယ်အားကစားပြိုင်ပွဲ လက်ခံကျင်းပရန် နားလည်မှုစာချွန်လွှာ တစ်ခု အား ဘန်ကောက်မြို့တွင် မတ် ၃ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအား အာရှအိုလံပစ်ကောင်စီ (OCA) နှင့် ရှန့်ထုံမြို့စည်ပင်သာယာရေးအစိုးရ တို့အကြား ၂၀၂၁ခုနှစ် အာရှလူငယ်အားကစားပြိုင်ပွဲ လက်ခံကျင်းပရေးနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးခဲ့ပြီး ယခင်ပြုလုပ်ခဲ့သည့် အာရှလူငယ်အားကစားပြိုင်ပွဲ ၂ခုကို ၂၀၀၉ခုနှစ်တွင် စင်ကာပူနိုင်ငံ နှင့် ၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှန့်ထုံမြို့စည်ပင်သာယာရေးအစိုးရ က ယခုကဲ့သို့ အားကစားပြိုင်ပွဲကြီးတစ်ခုကို ရှန့်ထုံမြို့အနေဖြင့် ပထမဆုံးအကြိမ်လက်ခံကျင်းပခွင့်ရရှိခြင်းဖြစ်ပြီး ယင်းသို့ကျင်းပရခြင်းဖြင့် မြို့၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးနိုင်မည့်အပြင် မြို့၏ နိုင်ငံတကာပုံရိပ် မြင့်တက်လာမည်ဟု ယုံကြည်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

အာရှအားကစားပြိုင်ပွဲ ပြီးလျှင် ဒုတိယအကြီးဆုံး အားကစားပေါင်းစုံပြိုင်ပွဲဖြစ်သော အာရှလူငယ်အားကစားပြိုင်ပွဲ အား အာရှတိုက်အတွင်းရှိ နိုင်ငံများမှ အသက် ၁၄ နှစ်မှ ၁၇နှစ်အရွယ်ရှိ လူငယ်အားကစားသမားများအတွက် ၄နှစ်တစ်ကြိမ် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

ကွမ်တုံပြည်နယ် အရှေ့ဘက်တွင် တည်ရှိသော ရှန့်ထုံမြို့ သည် လူဦးရေ ၅.၆သန်း ရှိကာ တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုန် ၇ခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.