Connect with us

ASEAN

ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း ထပ်တိုး အတည်ပြုလူနာ ပထမဆုံးအကြိမ်အဖြစ် (၆,၀၀၀) ကျော်ရှိ၊ ရှေ့တန်း ကျန်းမာရေးစောင့်ရှောက်နိုင်မှုဝန်အား အဆုံးစွန်သို့ ရောက်ရှိနေပြီဟု ဆို

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဇန်နဝါရီ ၆ ရက်တွင် ဂျပန်နိုင်ငံ၏ တစ်ရက်အတွင်းကိုဗစ်အတည်ပြုလူနာဦးရေသည် ပထမဆုံးအကြိမ်အဖြစ် (၆,၀၀၀)ကျော် ရှိခဲ့ရာ နှစ်ရက်ဆက်စံချိန်တင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၆ ရက်နေ့က တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေသည် ၅ ရက်နေ့နှင့်နှိုင်းယှဉ်ပါက ထောင်ကျော်မြင့်တက်ခဲ့ခြင်းဖြစ်ရာ အကြီးအကျယ်ပြန့်ပွားမှု အခြေအနေအသွင်ဆောင်နေကြောင်း သိရသည်။ Kyodo သတင်းအေဂျင်စီက ကပ်ရောဂါအခြေအနေဆိုးဝါးမှုကြောင့် လက်ရှိ နိုင်ငံ၏ ရှေ့တန်းဆေးကုသနိုင်မှုဝန်အားသည် အဆုံးစွန်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန် Kyodoစသည့် သတင်းမီဒီယာများ၏ ဇန်နဝါရီ ၆ ရက် ဖော်ပြချက်များအရ ဂျပန်နိုင်ငံ၏ဒေသအသီးသီးတွင် ယင်းနေ့က တစ်ရက်အတွင်းတပ်တိုးလူနာအများဆုံးဖြစ်ခဲ့ပြီး တိုကျိုမြို့တွင်(၁,၅၉၁)ဦး၊ Aichi စီရင်စုတွင် (၃၆၄)ဦး စသည်ဖြင့် အသီးသီးရှိခဲ့ကြောင်း သိရသည်။ ဂျပန်အစိုးရ ပညာရှင်အဖွဲ့က ယင်းနေ့တွင် လက်ရှိဖြစ်ပွားနေသည့်အခြေအနေကို စိစစ်သုံးသပ်ခဲ့ရာ “တိုကျိုမြို့ကိုဗဟိုပြုသည့် မြို့တော်တစ်ဝိုက်တွင် နှစ်ကုန်ပိုင်းက ကူစက်မှုများတစ်ဆင့်တိုးပွားခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး၏ကူးစက်လူနာတိုးပွားလာမှုသည် ဆက်တိုက် မြင့်တက်နေသည့်အနေအထားတွင် ရှိရာ ယနေ့တွင် အမြင့်ဆုံးအခြေအနေကို ရောက်ခဲ့ခြင်းဖြစ်သည်”ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတိုကျိုမြို့တွင် နှာခေါင်းစည်းတပ်၍ စက်ဘီးစီးသွားလာနေသူအမျိုးသားတစ်ဦးအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုကြုံတွေ့နေရသည့် COVID-19လှိုင်းကြီး ကျယ်ပြန့်လာရခြင်းအကြောင်းအရင်းမှာ တိုကျို၌ လူသွားလူလာ မလျှော့ခြင်းကြောင့် ဖြစ်နိုင်ရာ မြို့ကြီးတစ်ဝိုက် ကပ်ရောဂါ ကျယ်ပြန့်လာမှုသည် ဒေသများကို သက်ရောက်ခဲ့ကြောင်း ဂျပန်မီဒီယာများက ဆိုသည်။ တစ်ဖက်တွင်လည်း ဗြိတိန်နှင့်တောင်အာဖရိက၏ ကူးစက်မှုအားအလွန်ကောင်းသည့် ဗီဇာပြောင်း ကိုရိုနာဗိုင်းရပ်စ် ဂျပန်တွင် ပျံ့နှံ့လာခြင်းကြောင့်ဟု ထင်မှတ်မှုများရှိကြသည်။ သို့သော် ပညာရှင်အဖွဲ့အကြီးအကဲ Takaji Wakitaက “လက်ရှိအခြေအနေအရ ပြည်တွင်းကပ်ရောဂါပြန့်ပွားမှုအပေါ် သက်ရောက်မှုရှိတယ်လို့ မထင်ပါဘူး”ဟု ဆိုသည်။

ယင်းအခြေအနေအတွက် COVID-19 ရောဂါ အရေးပေါ်ကြေညာချက်များ ထပ်မံ အလျင်မီထုတ်ပြန်ရန် ဂျပန်ဝန်ကြီးချုပ်ယိုရှီဟီဒဲ ဆူဂါက ဇန်နဝါရီ ၆ ရက် ၎င်း၏ အိမ်တော်တွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ထိုမတိုင်မီ ဂျပန်အစိုးရက ဇန်နဝါရီ ၇ ရက်မှစ၍ တိုကျိုနှင့် Saitama၊ Chiba၊Kanagawaတို့တွင် တစ်လခန့်အကြာ အရေးပေါ်အခြေအနေ ကြေညာရန် စဉ်းစားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)
——————————————
(Chinese Version)

日本首次日增确诊超6000例 医疗一线已达极限

当地时间6日,自新冠疫情大流行开始以来,日本单日新增确诊病例数首次超过6000例,连续两天创新高。6日单日新增较5日多出千人以上,呈现暴发式增加的局面。日本共同社指出,由于疫情严峻,目前该国医疗一线已达极限。

综合日本共同社等媒体6日报道,日本多个都道府县当天均出现单日最大增幅,包括东京都1591例,爱知县364例等。日本政府专家组6日就当前现状汇总分析结果称,“由于以东京为中心的首都圈,到年底(感染人数)出现进一步增加,全国也持续增势,达到迄今为止最高的水平”。

针对本轮疫情扩大的原因,日媒指出,鉴于东京人员活动不减,日本大城市圈疫情扩大也对地方造成了影响。另一方面,英国和南非的被认为传染性很强的变异病毒正在日本蔓延,但专家组主席胁田隆字认为,“从现状分析,并不认为对国内疫情扩大产生了影响”。
对此,日本首相菅义伟6日在官邸指示,要求再次抓紧发布新冠疫情紧急事态宣言。日本政府此前也宣布,考虑7日起向东京及埼玉、千叶、神奈川发布为期约1个月的紧急事态宣言。(吴倩)
编辑:邬金夫
图说1-2:Pedestrians wearing face masks walk on a road in Tokyo, Japan, Dec. 31, 2020. (Xinhua/Du Xiaoyi)
图说3:A man wearing a face mask rides a bike on a road in Tokyo, Japan, Dec. 31, 2020. (Xinhua/Du Xiaoyi)■