Connect with us

CHINA

တရုတ်နိုင်ငံက ကပ်ရောဂါသုတေသနပြုမှု နှင့် သတင်းအချက်အလက် ဖွင့်ဟမှုတွင် ထိန်ချန်ရန် လုပ်ဆောင်ခဲ့ခြင်းမရှိဟု တာဝန်ရှိသူပြောကြား

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ဟော်ဆန်ဆန်းဆေးရုံ၌ ဖေဖော်ဝါရီ ၄ ရက်တွင် ကျန်းမာရေးဝန်ထမ်းများက COVID-19 လူနာတစ်ဦအား လူနာတင်ယာဉ်မှ သယ်ထုတ်လာစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်း အစောပိုင်းအဆင့်မှာပင် တည်ရှိနေသော အခြေအနေများအောက်၌ အမြန်ဆုံး ဖြစ်နိုင်သမျှ အရှိန်အဟုန်ဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြောင်း နှင့်  အချက်အလက်များကို မျှဝေရာတွင် ချန်လှပ်မှု လုံးဝမရှိကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် အစောဆုံး အတည်ပြုလူနာသတင်းထုတ်ပြန်မှု နှင့် လူသားမှလူသားသို့ ဗိုင်းရပ်စ်ကူးစက်ခြင်း တရားဝင်ထုတ်ပြန်ကြေညာမှု နှစ်ခုကြားကာလ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခု၌ မေးမြန်းချက်အပေါ် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယအကြီးအကဲ Zeng Yixin က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ 

Zeng က နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် လူသားတို့အတွက် အမှန်တကယ်ခြိမ်းခြောက်မှုအသစ်တစ်ခုဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံအနေဖြင့် ရောဂါကူးစက်နိုင်ချေ အတိုင်းအတာပမာဏနှင့်ပတ်သက်၍ ပုံမှန်ထက် အစောတစ်လျဉ် ထုတ်ပြန်မှု မလုပ်ခဲ့ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ သိရှိနားလည်နိုင်မှုအတိုင်းအတာသည် ယင်းကာလက လမ်းခုလပ်တွင် ရှိနေဆဲဖြစ်ကြောင်း နှင့် အပြီးသတ်ပြောဆိုမှုတစ်ခုလုပ်နိုင်ရန် ပြည့်စုံလုံလောက်မှု မရှိသေးသောကြောင့် ဖြစ်ကြောင်း ဆိုသည်။

“ သီအိုရီပိုင်းအရပဲ ပြောနေရတယ်၊ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားပိုးအားလုံးဟာ လူကနေလူကို ကူးစက်နိုင်တယ်ဆိုတာပေါ့ ”သို့သော်လည်း သိပ္ပံပညာရှင်များ နှင့် ကျွမ်းကျင်သူများက ကူးစက်မှု အရင်းအမြစ်များကို ရှာဖွေရန် လိုအပ်နေကြောင်း ၊ မတူကွဲပြားသော ဗိုင်းရပ်စ်များစွာရှိသည့်အနက် မည်သည့်မျိုးစိတ်ဖြစ်ပြီး မည်ကဲ့သို့ ပျံ့နှံ့လာပုံ နှင့် မည်ကဲ့သို့ ကူးစက်ပုံ တို့ကို ဖော်ထုတ်သွားရန် လိုအပ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

အသည်းရောဂါ ဘီပိုး နှင့် HIV/AIDS စသော ရောဂါပိုးများသည်လည်း ကူးစက်နိုင်ကြကြောင်း ၊ သို့သော် COVID-19 ဖြင့် နှိုင်းယှဉ်ပါက ကူးစက်နိုင်မှု အတိုင်းအတာသည် အကန့်အသတ်ရှိကြောင်း နမူနာပြု၍ ၎င်းက ဆိုသည်။ထိုအချိန်က ကုသရေးဆိုင်ရာများနှင့်ပတ်သက်၍ အကန့်အသတ်များစွာရှိခဲ့ကြောင်း တရုတ်နိုင်ငံ ပညာရှင်များ နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် ရောဂါရှာဖွေဖော်ထုတ်မှု နှင့် သုတေသနပြုမှု လုပ်ငန်းများကို အချိန်မလပ် လုပ်ဆောင်ခဲ့ကြောင်း ၊ သိပ္ပံဆိုင်ရာ ကိစ္စရပ်တစ်ခုအဖြစ် ဆုံးဖြတ်လုပ်ကိုင်ရေး ထောက်ခံအားပေးရန် အဖြေတစ်ခုရှာဖွေဖော်ထုတ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရောဂါစတင် ဖြစ်ပွားချိန်မှာပင် တရုတ်နိုင်ငံသည် လူထုဗဟိုပြုချဉ်းကပ်မှုပုံစံတစ်ခုဖြစ် ချောမွေ့စွာလုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ၊ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် သိပ္ပံပညာရပ်ဆိုင်ရာမူဝါဒများဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြောင်း နှင့် ယင်းနှင့်ပတ်သက်သောသတင်းအချက်အလက်များအား ကမ္ဘာကြီးနှင့်အတူ မျှဝေပေးရာတွင် ချန်လှပ်ထားခဲ့မှု လုံးဝ မရှိကြောင်း ၎င်းက ဆိုသည်။(Xinhua)