Connect with us

CHINA

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်  ပြင်သစ်၊ ဂျာမနီ၊ စပိန်နှင့် ဆားဘီးယားနိုင်ငံများသို့ အားပေးနှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၂ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ သမ္မတ မိုက်ခရွန်၊ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်၊ စပိန်နိုင်ငံ ဘုရင် Felipe VI ၊ ဆားဘီးယားနိုင်ငံ သမ္မတAleksandar Vucic   တို့ထံ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး အားပေးနှစ်သိမ့်ကြောင်း သဝဏ်လွှာကို မတ် ၂၁ ရက်က အသီးသီးပေးပို့ခဲ့ကြောင်း သိရသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၂၂ ရက်က ထုတ်ပြန်သည့်သတင်းများအရ တစ်ကမ္ဘာလုံး တွင် COVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ၂၆၆,၀၇၃ ဦးကျော် ရှိပြီဖြစ်ရာ လက်ရှိ ဥရောပတိုက်သည် ကပ်ရောဂါဗဟိုချက်ဖြစ်နေပြီး ပြင်သစ်၊ ဂျာမနီ၊ စပိန်, ဆားဘီးယားနိုင်ငံစသည့် နိုင်ငံများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအခြေအနေ ဆိုးဝါးလျက်ရှိကြောင်း သိရသည်။ 

အေးတူပူမျှ၊ အပြန်အလှန်အမှီသဟဲပြုကြသည့် ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတွင် အားလုံးအတူ တည်ရှိကြရာ တရုတ်နိုင်ငံ ရောဂါတိုက်ဖျက်ရေး အကြပ်တည်းဆုံးကာလအချိန်အခါ တွင် ဘက်ပေါင်းစုံမိတ်ဆွေသင်္ဂဟများ၏ အဖိုးတန်လှသည့် ထောက်ခံအားပေးမှုကို ရရှိခဲ့သလို ယနေ့အချိန်အခါတွင် မိတ်ဆွေရောင်းရင်းအခက်အခဲအကြပ်အတည်း ကြုံတွေ့သည့်အခါ တရုတ်နိုင်ငံကလည်း အလားတူ နွေးထွေးစွာ လက်ကမ်းဖေးမကူညီခဲ့ခြင်း ဖြစ်ကြောင်း ရှီက ဆိုသည်။

သမ္မတရှီ၏ သဝဏ်လွှာတွင် တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ အပြန်အလှန် အားပေးဖေးမကူညီကာ ကပ်ရောဂါကို အနိုင် ထိန်းချုပ်တိုက်ဖျက်သွားမည့် သန္နိဌာန်ကို ထပ်မံ အလေးထားဖော်ပြခဲ့ကြောင်း သိရသည်။  (Xinhua)