Connect with us

CHINA

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ကပ်ရောဂါအခြေအနေကြောင့် ပထမဆုံးအကြိမ် လော့ခ်ဒေါင်း ပြုလုပ်၊ မြို့နေပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ပြောကြား

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက အသွားအလာ ကန့်သတ်နေရာအတွင်း ရောဂါစစ်ဆေးမှုအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးနေသည်ကို ဇန်နဝါရီ ၂၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက ဇန်နဝါရီ ၂၃ ရက်တွင် ရောဂါဖြစ်ပွားသည့်နေရာအား ပထမဆုံးအကြိမ်အဖြစ် လော့ခ်ဒေါင်းပြုလုပ်ခဲ့သည်။ ဟောင်ကောင် Jordanဒေသ၏ ကန့်သတ်နယ်မြေအတွင်း အသွားအလာ ကန့်သတ်ထားသူများ မဖြစ်မနေ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူကြရမည် ဖြစ်ကြောင်း သိရသည်။

ယခုလုပ်ဆောင်မှုသည် ပြည်သူ့ကျန်းမာရေး လိုအပ်ချက်ကြောင့်ဖြစ်ရာ တစ်ကြိမ်မက ဆောင်ရွက်သွားနိုင်ကြောင်း၊ မြို့နေပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း(Carrie Lam)က ယင်းနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Jordanရှိ အသွားအလာကန့်သတ်ထားသည့် နေရာတွင် မြို့နေပြည်သူများ ထောက်ပံ့ရေးပစ္စည်းများအား ယူဆောင်၍ နေအိမ်ပြန်သွားကြသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ဒေသ အစိုးရသည် ဇန်နဝါရီ ၂၃ ရက်တွင် ရောဂါကြိုတင်ကာကွယ်ရေးနှင် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအရ ၎င်းဒေသ Jordan ကန့်သတ်နယ်မြေအတွင်း အသွားအလာ ကန့်သတ်ထားသူများအား ၎င်း၏နေအိမ်တွင် နေထိုင်ရမည်ဖြစ်ပြီး ဒေသအစိုးရ၏ အစီအစဉ်ဖြင့် ရောဂါစစ်ဆေးမှုများ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။ ရောဂါစစ်ဆေးမှုခံယူရမည့်သူများအနေဖြင့် အသုတ်ခွဲ၍ နှာခေါင်း၊ အာခေါင် တို့ဖတ်ဓါတ်ခွဲနမူနာ ရယူသည့် နေရာသို့လာရောက်ရမည်ဖြစ်ကြောင်း၊ ထိုသူများသည် ဆေးစစ်ချက်ရလဒ်မထွက်သေးမီ ရောဂါရောနှောကူးစက်နိုင်မှု အန္တရာယ်ကို လျှော့ချရန် နေအိမ်တွင်းသာနေထိုင် ရမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက အသွားအလာ ကန့်သတ်နေရာအတွင်း ရောဂါစစ်ဆေးမှုအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးနေသည်ကို ဇန်နဝါရီ ၂၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့ညနေပိုင်းတွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းသည် ဒေသအစိုးရ အစားအစာနှင့်ကျန်းမာရေးဌာန ဌာနမှူး Sophia Chan၊ ပြည်ထဲရေးဗျူရိုအကြီးအကဲ Caspar Tsuiတို့နှင့်အတူ အသွားလာကန့်သတ်ထားသည့်နေရာအတွင်း ရောဂါစစ်ဆေးမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သလို ဘက်ပေါင်းစုံပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော မြို့နေပြည်သူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အသွားအလာ ကန့်သတ်ထားသည့် နေရာတွင် လူပေါင်း (၁)သောင်းခန့်ရှိရာ အထူးဒေသ အစိုးရအနေဖြင့် ဝန်ထမ်းအင်အား(၃,၀၀၀)နီးပါးဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ဓါတ်ခွဲများဖြင့် လက်တွဲ၍လည်ကောင်း၊ ယင်းနေရာတွင် ရွှေ့လျား ဓါတ်ခွဲနမှုနာ ရယူသည့်စင်တာ (၅၀)ကျော် ထားရှိ၍လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

မြို့နေပြည်သူများ၏သက်ရောက်မှုကို အနည်းဆုံးအဖြစ်လျှော့ချနိုင်ရန် ဇန်နဝါရီ ၂၅ ရက် ရုံးချိန်မတိုင်မီ ပြီးဆုံးအောင်လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ကယ်ရီလမ်းက ပြောကြားခဲ့သည်။

ယခုဆောင်ရွက်ချက်ဖြင့် ကူးစက်မှုကို ဆောလျင်စွာ သိရှိကာ ဗိုင်းရပ်စ်ပြန့်ပွားမှု ကွင်းစက် ဖြတ်တောက်သွားနိုင်ပြီး ဒေသအတွင်းနေထိုင်သူများ၏ စိုးရိမ်ပူပန်စိတ်ကို လျှော့ချနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအနေဖြင့် ပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ လမ်းညွှန်ချက်များကို နာခံသွားမည်ဖြစ်သလို အခြားဒေသ၏ အတွေ့အကြုံများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း ၊ ပို၍ ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟုလည်း မျှော်လင့်ကြောင်း ကယ်ရီလမ်းက ပြောကြားခဲ့သည်။(Xinhua)

—————————————————-
(Chinese Version)

(港澳台)香港首次因疫情“封区” 林郑月娥希望市民配合支持

 新华社香港1月23日电 香港特区政府23日首次“封区”,要求佐敦指明“受限区域”人士接受强制性新冠病毒检测。特区行政长官林郑月娥当日表示,此次行动是公共卫生需要,不会只做一次,希望市民配合支持。
  香港特区政府23日引用《预防及控制疾病(对若干人士强制检测)规例》,限制在佐敦指明“受限区域”内的人士须留在其处所并按特区政府安排接受强制检测。受检人士分批到采样站接受鼻腔及咽喉合并拭子采样,在取得检测结果前,他们必须留在处所内,以减少交叉感染风险。
 当日下午,林郑月娥与特区政府食物及卫生局局长陈肇始、民政事务局局长徐英伟视察“受限区域”强制检测情况,林郑月娥到场为特区政府部门同事打气,也感谢区内市民的全面配合。
  “受限区域”涉及约1万人,特区政府需动员近3000位公务员,联合私营化验所,在当区设立超过50个流动采样点。林郑月娥表示,希望在25日市民上班前完结行动,把对市民的影响降到最低。
林郑月娥强调,希望此次行动能尽早识别感染个案,切断病毒传播链,同时消除区内居民焦虑和疑虑。特区政府会继续聆听专家和世界卫生组织意见,并参考其他地方经验,希望可以做得更好。(完)

图说1: 这是1月23日在香港拍摄的被封闭的佐敦指明“受限区域”。 新华社记者 王申 摄
图书2:1月23日,在香港佐敦指明“受限区域”,该区域居民领取物资回到楼宇中。新华社记者 王申 摄
图说3: 1月23日,在香港佐敦,香港特区行政长官林郑月娥(中)等视察“受限区域”强制检测情况。 新华社记者 王申 摄