Connect with us

CHINA

တရုတ် နိုင်ငံ က သီရိလင်္ကာ နိုင်ငံ ရေတပ် အတွက် ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ အရေးပေါ် လှူဒါန်းပေးအပ်

သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ဧပြီ ၂၄ ရက် ၌ သီရိလင်္ကာ နိုင်ငံ ရေတပ် သို့ လှူဒါန်းမှု ပစ္စည်းများ ပေးအပ်နေစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ဧပြီ ၂၄ ရက် ၌ ကိုလံဘို မြို့ တွင် သီရိလင်္ကာ နိုင်ငံ ရေတပ် အား ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ အရေးပေါ် လှူဒါန်းပေးခဲ့ပြီး သီရိလင်္ကာ ရေတပ် ဦးစီးချုပ် Piyal De Silva မှ လှူဒါန်းပေးသည့် ပစ္စည်းအား လက်ခံရယူခဲ့သည်။

သီရိလင်္ကာ စစ်ဘက်ဆိုင်ရာ က ဧပြီ ၂၃ ရက် ညပိုင်း အချိန်တွင် ကိုလံဘို မြို့ပြင်ရှိ Welisara ရေတပ်စခန်း တွင် တပ်သား ၂၉ ဦး COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ရေတပ်စခန်း အား lockdown ပြုလုပ်ခဲ့သည်။ ဧပြီ ၂၄ ရက် တွင်လည်း Welisara ရေတပ်စခန်း တွင် တပ်သား ၃၀ ဦး COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရကြောင်း ကြေညာခဲ့ပြီး ယင်းမှာ သီရိလင်္ကာ နိုင်ငံ တပ်ဖွဲ့ အတွင်း ပထမ ဦးဆုံး အများအပြား ကူးစက်ခံရမှု ဖြစ်သည်။

သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် ဧပြီ ၂၃ ရက် ညပိုင်းအချိန် ၌ သီရိလင်္ကာ ရေတပ် တပ်ဖွဲ့ဝင် အများအပြား ကူးစက်ခံရကြောင်း သိရှိခဲ့ပြီးနောက် တွင် ညတွင်းချင်း ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်း ဝယ်ယူမှုဆောင်ရွက်ခဲ့သည်။ ထို့နောက် ဧပြီ ၂၄ ရက် ညနေပိုင်း အချိန်တွင် တရုတ် နိုင်ငံ သံရုံး စစ်သံမှူး ဝမ့်တုန်း ဦးဆောင်၍ အပူချိန်တိုင်း ကိရိယာ ၊ နှာခေါင်းစည်း ၊ ကာကွယ်ရေးဝတ်စုံ နှင့် လက်အိတ် စသည့် အရေးပေါ် လိုအပ်နေသည့်ပစ္စည်းများအား သီရိလင်္ကာ နိုင်ငံ ရေတပ် သို့ ပေးအပ် လှူဒါန်းခဲ့သည်။

သီရိလင်္ကာ ရေတပ် ဦးစီးချုပ် Piyal De Silva က အခက်အခဲရှိချိန်တွင် ကူညီပေးသည့် မိတ်ဆွေ မှသာ စစ်မှန်သော မိတ်ဆွေဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် မိမိ တို့ အလိုအပ်ဆုံး အချိန်တွင် ကူညီထောက်ပံ့မှု ပြုလုပ်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ လှူဒါန်းပေးသည့် ပစ္စည်းများ က သီရိလင်္ကာ နိုင်ငံ ရေတပ် COVID-19 ရောဂါ ရင်ဆိုင်နိုင်မှုစွမ်းရည် ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)