Connect with us

CHINA

တရုတ် နိုင်ငံ သို့ ဝင်ရောက်မည့် ပြည်ပခရီးသွား ဧည့်သည်များ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ မြို့ပြ လေကြောင်းစီမံခန့်ခွဲရေး ဌာန ကြေညာချက် ထုတ်ပြန်

တရုတ် နိုင်ငံ ပေကျင်းမြို့ သို့ လေကြောင်းလိုင်းမှ ဝင်ရောက်သည့် ခရီးသွားဧည့်သည်များအား စစ်ဆေးမှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ရုတ် နိုင်ငံ မြို့ပြ လေကြောင်း စီမံခန့်ခွဲရေး ဌာန ၊ အကောက်ခွန်ဌာန နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန တို့ က တရုတ် နိုင်ငံ သို့ လာရောက်မည့် ခရီးသွား ဧည့်သည်များ နှင့် ပတ်သက်၍ COVID-19 ရောဂါ ကင်းစင်ကြောင်း သက်သေ အထောက်အထားဖြင့် ဝင်ရောက်ခြင်း နှင့် ပတ်သတ်၍ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ ခရီးသွား ကျန်းမာရေးလုံခြုံမှု နှင့် ကပ်ရောဂါ ပြန့်ပွားမှု အား လျှော့ကျစေရန် အတွက် တရုတ် နိုင်ငံ သို့ လာရောက်သည့် ခရီးသွားဧည့်သည်များ အနေဖြင့် လေယာဉ်ပေါ် မတက်မီ COVID-19 ရောဂါ ကင်းစင်ကြောင်း သက်သေ အထောက်အထား ပုံစံ ဖြည့်စွက်ရမည်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

၁.တရုတ် နိုင်ငံ သို့ လာရောက်မည့် ခရီးသည် သည် လေယာဉ်မထွက်ခွါမီ ၅ ရက် အကြို COVID-19 ရောဂါ ကင်းစင်ကြောင်း သက်သေ အထောက်အထား အား ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းအထောက်အထားသည် တရုတ် နိုင်ငံ ၏ ပြည်ပ နိုင်ငံ အခြေစိုက် သံရုံး နှင့် ခွင့်ပြုချက်ရ အဖွဲ့အစည်းများ တွင် ဆောင်ရွက်ထားသည့် အထောက်အထား ဖြစ်ရမည်။

၂.တရုတ် နိုင်ငံသားများ အနေဖြင့် ကပ်ရောဂါ ကာကွယ်ရေး ကဒ် နိုင်ငံတကာ App မှ တစ်ဆင့် COVID-19 ရောဂါ ကင်းစင်ကြောင်း သက်သေ ပြရမည် ။၃.ပြည်ပ ခရီးသွား ဧည့်သည်များ အနေဖြင့် COVID-19 ရောဂါ ကင်းစင်ကြောင်း သက်သေ အထောက်အထား ကို တရုတ် နိုင်ငံ သံရုံး တွင် ကျန်းမာရေး အခြေအနေ အစီရင်ခံစာ ပြုလုပ်ရမည် ။

၄.သက်ဆိုင်ရာ လေကြောင်း ကုမ္ပဏီများ အနေဖြင့် လေယာဉ်ပေါ် မတက်မီကျန်းမာရေး အခြေအနေ နှင့် ကျန်းမာရေး အစီရင်ခံစာ ကို စစ်ဆေးရမည် ဖြစ်ပြီး သတ်မှတ်ချက် နှင့် ကိုက်ညီမှု မရှိပါက လေယာဉ် ပေါ်သို့ တက်ရောက်ခွင့် မပြုဘဲ တိကျသော စစ်ဆေးမှုများ ဆောင်ရွက်သွားရမည်။၅.ခရီးသည် အနေဖြင့် အတုအပ သက်သေအထောက်အထား နှင့် အချက်အလက်များ ကို ပေးခဲ့ပါက သက်ဆိုင်ရာ ဥပဒေ အရ အပြစ်ပေး အရေးယူခံရမည် ။၆.တရုတ် နိုင်ငံ သံရုံး အနေဖြင့် သက်ဆိုင်ရာ နိုင်ငံ ၏ COVID-19 ရောဂါ စစ်ဆေးနိုင်မှု စွမ်းရည် ကို သုံးသပ်သွားမည် ဖြစ်ပြီး သင့်လျော်သည့် အချိန်တွင် ဆောင်ရွက်မှုပုံစံ ကို ထုတ်ပြန်သွားမည် ဖြစ်သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.