Connect with us

CHINA

တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ ကာကွယ်ဆေး တစ်မျိုး ဒုတိယအဆင့် လူဖြင့် လက်တွေ့ စမ်းသပ်မှုတွင် ရလဒ်ကောင်းထွက်ပေါ် 

တရုတ် နိုင်ငံ မှ တီထွင်ထုတ်လုပ်ထားသော COVID-19 ရောဂါ ကာကွယ်ဆေး တစ်မျိုး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သုတေသန အဖွဲ့တစ်ခုသည်  ဇူလိုင် ၂၀ ရက်က ဗြိတိန် နိုင်ငံ ဆေးဘက်ဆိုင်ရာ မဂ္ဂဇင်း “The Lancet” တွင် သုတေသန စာတမ်း တစ်စောင်ရေးသားခဲ့ရာ၌ ၎င်းတို့ တီထွင်ထုတ်လုပ်ထားသည့် COVID-19 ရောဂါ ကာကွယ်ဆေး တစ်မျိုး မှာ ဒုတိယ အဆင့် လူဖြင့် လက်တွေ့စမ်းသပ်မှု ပြုလုပ် ရာတွင်  ရလဒ်ကောင်းများထွက်ပေါ်ခဲ့ကြောင်း နှင့် ယင်း ကာကွယ်ဆေးသည်  ဘေးကင်း လုံခြုံမှု ရှိပြီး လူ့ခန္ဓာကိုယ်၏ ခုခံအားစနစ်ပေါ်ထွက်လာစေရန် လှုံဆော်ပေးနိုင်စွမ်းရှိကြောင်း ဖော်ပြခဲ့သည်။ 

တရုတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ သိပ္ပံ ကောလိပ် ဆေးဘက်ဆိုင်ရာ ဇီဝအင်ဂျင်နီယာ ဌာနမှ ပညာရှင်တစ်ဦးဖြစ်သူ ချိန်ဝေ နှင့် ကျန်းဆူးပြည်နယ် ကူးစက်ရောဂါ ထိန်းချုပ်ရေး စင်တာ ပါမောက္ခ ကျူးဖုန့်ချိုင် တို့ သည် အဆိုပါ လက်တွေ့ စမ်းသပ်မှုကို ပူးတွဲ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ ၏ ပထမ အဆင့် လက်တွေ့စမ်းသပ်ချက် အောင်မြင်မှု ရလဒ်များ  နှင့် သက်ဆိုင်ရာ အချက်အလက်များ ကို ထုတ်ပြန် ပေးခဲ့ကြောင်း သိရသည်။ 

တရုတ် နိုင်ငံ မှ တီထွင်ထုတ်လုပ်ထားသော COVID-19 ရောဂါ ကာကွယ်ဆေး တစ်မျိုး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

သုတေသန စာတမ်း တွင် ဒုတိယ အဆင့် လူသား ဖြင့် လက်တွေ့စမ်းသပ်မှု တွင် စေတနာ့ဝန်ထမ်း လုပ်အားပေး ပါဝင်ကူညီသူ ၅၀၀ ကျော် အား ဆေး ထိုးနှံပေးခဲ့ကြောင်း  ၊  ထိုလူများထဲတွင် အသက် ၅၅ နှစ် အထက် အသက်အရွယ်ကြီးသူများလည်း ပါဝင်ကြောင်း ၊ ဒုတိယ အဆင့် စမ်းသပ်မှုသည် ပထမ အဆင့် စမ်းသပ်မှု ထက် ပမာဏ ပိုမို ကျယ်ပြန့်ကြောင်း ၊ သုတေသန ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကာကွယ်ဆေးတွင် လူ၏ ခုခံအားစနစ် ပေါ်ထွက်လာနိုင်ခြင်း ရှိမရှိ နှင့် လုံခြုံမှု ရှိမရှိ သိရှိရန်ဖြစ်ပြီး သုတေသန စမ်းသပ်မှု အရ ယင်းနှစ်ရပ်လုံးတွင် ကောင်းမွန်းသည့် ရလဒ်များ ရရှိခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ မှ တီထွင်ထုတ်လုပ်ထားသော COVID-19 ရောဂါ ကာကွယ်ဆေး တစ်မျိုး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ တီထွင်ထုတ်လုပ်ထားသော COVID-19 ရောဂါ ကာကွယ်ဆေး တစ်မျိုး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစမ်းသပ်ခံသော စေတနာ့ဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေး ထိုးသွင်းပြီးနောက် COVID-19 ရောဂါပိုး နှင့် ထိတွေ့ခဲ့ခြင်း မရှိသေးကြောင်း ၊  ယခု အကြိမ် စမ်းသပ်မှုသည် ရောဂါပိုး ခုခံကာကွယ်နိုင်ခြင်း ရှိမရှိ ကို ဆုံးဖြတ်နိုင်ရန် မဟုတ်ကြောင်း နှင့် တတိယ အဆင့် လက်တွေ့ စမ်းသပ်မှုဖြင့် သက်သေပြရန် လိုအပ်နေသေးကြောင်း သုတေသီများက ဆိုသည်။ 

“The Lancet” မဂ္ဂဇင်း ၏ ဖော်ပြချက်အရ လက်ရှိချိန်တွင် ကမ္ဘာပေါ်၌ COVID-19 ရောဂါ ကာကွယ်ဆေး အမျိုးပေါင်း ၂၅၀ ခန့် သုတေသန ဆောင်ရွက်နေပြီး ၎င်းတို့အနက် အနည်းဆုံး ၁၇ မျိုး သည် လက်တွေ့စမ်းသပ်မှု အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။  (Xinhua)