CHINA
တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် ထောက်ခံအားပေးမှု ကို တိုးမြှင့်ဆောင်ရွက်၍ အတူတကွ လက်တွဲကာ ကပ်ရောဂါ အား ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြောကြား
ပေကျင်း ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင် တို့မှ သဘောတူညီမှု ရရှိထားသည့် အတိုင်း အပြန်အလှန် ထောက်ခံ အားပေးမှု ကို တိုးမြှင့်ဆောင်ရွက်သွားပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းကာ ကပ်ရောဂါ အား အတူတကွ လက်တွဲ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ဧပြီ ၂၃ ရက် ၌ ပြောကြား ခဲ့သည်။
ကိန်းစွမ် က တရုတ်-ရုရှား နှစ်နိုင်ငံ က အကြီးဆုံးသော အိမ်နီးချင်း နိုင်ငံ ဖြစ်ကြပြီး ခေတ်သစ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ညှိနှိုင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ရှိကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် မြင့်မားစွာ ယုံကြည်မှု တည်ရှိပြီး အပြန်အလှန် ကူညီထောက်ပံ့သည့် စိတ်ဓာတ် တည်ရှိကာ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ် တွင်လည်း အပြန်အလှန် ခိုင်မြဲသည့် ထောက်ခံ အားပေးမှု ပြုလုပ်ခဲ့ကြောင်း ၊ ယခင်လ ၌ နှစ်နိုင်ငံခေါင်းဆောင်များ အနေဖြင့် နှစ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်ပြောကြားခြင်းသည်လည်း နှစ်နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ခွန်အားသစ် များ ရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် ကိန်းစွမ်း က ရုရှား နိုင်ငံ အနေဖြင့် ကပ်ရောဂါ အရင်းအမြစ် နှင့် ပတ်သက်၍ မှန်ကန်သည့် သဘောထားရပ်တည်မှု နှင့် သိပ္ပံနည်းကျသော ရပ်တည်မှု ထားရှိသည့် အပေါ် တရုတ် နိုင်ငံ အနေဖြင့် ချီးမွမ်းလိုကြောင်း ၊ ရောဂါပိုး အရင်းအမြစ်သည် သိပ္ပံဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်သောကြောင့် သိပ္ပံပညာရှင် နှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ သုတေသန ပြုလုပ်သွားရမည် ဖြစ်ကြောင်း ၊ ယင်းမှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်း မှ အားလုံးလက်ခံထားသည့် သဘောတူညီမှု တစ်ခု ဖြစ်ကြောင်း ၊ ရောဂါပိုး အရင်းအမြစ် အား နိုင်ငံရေး အသွင်ဆောင်ခြင်း နှင့် ခေါင်းပုံချသည့် အခြား နိုင်ငံ ၏ ဆောင်ရွက်မှုများကို လက်ခံမည် မဟုတ်ကြောင်း ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အား အခြေခံ၍ အတူတကွ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်သွားပြီး ကမ္ဘာ့အများပြည်သူ ကျန်းမာရေး လုံခြုံမှု အတွက် ထိန်းသိမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)