Connect with us

CHINA

ဟောင်ကောင်က အမိမြေ၏ ပံ့ပိုးကူညီမှုဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုများ ရရှိ

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်တွင် AsiaWorld-Expo ပြပွဲကျင်းပမည့်နေရာ၌ COVID-19 လူနာများအတွက် ယာယီဆေးရုံတစ်ခုဖွင့်လှစ်ထားသည်ကို ဩဂုတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

ဟောင်ကောင်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေအပေါ် ဗဟိုအစိုးရအနေဖြင့် အစဉ်အမြဲ ဂရုစိုက် ကြည့်ရှုခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရ၏ မေတ္တာရပ်ခံချက်အရ ဗဟိုအစိုးရသည် ဟောင်ကောင်ရှိ ယာယီသီးခြားခွဲထားနေရာများ နှင့် ကုသရေးစင်တာများတည်ဆောက်မှု လုပ်ငန်းတွင် ပါဝင်ကူညီပေးရန် နှင့် နျူကလစ်အက်စစ် (nucleic acid) စစ်ဆေးမှုများတွင် ကူညီပေးရန် ဟောင်ကောင်သို့ ရောဂါစစ်ဆေးရေး ဝန်ထမ်းများစေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ကပ်ရောဂါ အခြေအနေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေခြင်းကြောင့် ဥပဒေပြုကောင်စီရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ဟောင်ကောင်အစိုးရ၏ ဆုံးဖြတ်မှုအတွက် တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် သိရှိနားလည်ကြောင်း နှင့် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဗဟိုအစိုးရ၏ ထောက်ခံအားပေးမှုနှင့်အတူ ဟောင်ကောင်သည် အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင်ကာ ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင် ကျော်လွှာခဲ့သလို မှတ်ကျောက်တင်သော အောင်မြင်မှုများစွာလည်း လုပ်ဆောင်ခဲ့သည်။ 

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်တွင် AsiaWorld-Expo ပြပွဲကျင်းပမည့်နေရာ၌ COVID-19 လူနာများအတွက် ယာယီဆေးရုံတစ်ခု အသင့်ပြင်ဆင်ထားပုံကို ဩဂုတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇူလိုင်လကတည်းက COVID-19 ကူးစက်မှုအသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားခဲ့သော အခြေအနေကို ကိုင်တွယ်ရန်အတွက် ဟောင်ကောင်အစိုးရသည် ဗဟိုအစိုးရထံမှ ထောက်ပံ့ကူညီမှုများ မေတ္တာရပ်ခံခဲ့သည်။ထို့ကြောင့် ဗဟိုအစိုးရအနေဖြင့် ဟောင်ကောင်တွင် ပြဿနာများကို ချက်ချင်းတုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ထိရောက်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ပြီး ဟောင်ကောင်၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ခိုင်မာသော အားပေးထောက်ခံမှု ပြုလုပ်ခဲ့သည်။

ဩဂုတ် ၁ ရက်တွင် တရုတ်နိုင်ငံပြည်မကြီးမှ နျူကလစ်အက်စစ် စမ်းသပ်စစ်ဆေးပေးသော အဖွဲ့ဝင် ၇ ဦးပါသည့် အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်း၍ ဟောင်ကောင်သို့စေလွှတ်ကာ ဓာတ်ခွဲစမ်းသပ်လုပ်ငန်းများတွင် ပါဝင်ကူညီစေခဲ့သည်။ ထို့ပြင် ယာယီဆေးရုံတည်ဆောက်ရေး အတွက် တရုတ်နိုင်ငံပြည်မကြီးမှ အဖွဲ့တစ်ခုကိုလည်း စေလွှတ်ပေးခဲ့သည်။

ဗဟိုအစိုးရ၏ အပြည့်အဝအားပေးထောက်ခံမှုဖြင့် ဟောင်ကောင်တွင် COVID-19 တိုက်ဖျက်ရေးအတွက် တိကျသော လမ်းညွှန်ချက်တစ်ခုကိုလည်း စီမံဆောင်ရွက်ပေးခဲ့သည်။ဟောင်ကောင်သည် ကပ်ရောဂါ နှင့် အနာဂတ်စိန်ခေါ်မှုများအားလုံးကို ကျော်လွှာရန် အမိမြေ၏ အားပေးထောက်ခံမှုကို အမြဲ ရရှိခဲ့သည်။

ဗဟိုအစိုးရ၏ မယိမ်းမယိုင်သော ထောက်ခံအားပေးမှု နှင့် ပြည်မကြီး၏ နယ်ပယ်ပေါင်းစုံမှ တက်ကြွသော အကူအညီများနှင့်အတူ ဟောင်ကောင် အုပ်ချုပ်ရေးမှူး နှင့် HKSARအစိုးရအဖွဲ့၏  ဦးဆောင်မှုအောက်တွင် ဟောင်ကောင်သည် ကပ်ရောဂါတိုက်ဖျက်ရေးကို များမကြာမီတွင် အပြီးသတ်အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.