Connect with us

INTERNATIONAL ORGANIZATION

ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းက စစ်ရာဇဝတ်ကောင် Ratko Mladic အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည့်ပြစ်ဒဏ်ကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ဆို

၂၀၁၅ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ရိုက်ကူးထားသော ကမ္ဘာ့ကုလသမဂ္ဂ အလံအား မြင်းတွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လက်အောက်ရှိ နိုင်ငံတကာပြစ်မှုများ အရေးယူရာတွင် ကြွင်းကျန်နေသော အမှုများအား ကိုင်တွယ်ဖြေရှင်းရသည့် IRMCT နိုင်ငံတကာတရားရုံး က ဇွန်လ ၈ ရက်တွင် နယ်သာလန် နိုင်ငံ သဟိတ်မြို့၌ Bosnian Serb ဘော့စနီးယားဆာ့ဗ်တပ်ဖွဲ့ တပ်မှူးဟောင်း Ratko Mladic အပေါ် ချမှတ်ထားသည့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။နိုင်ငံတကာပြစ်မှုများ အရေးယူရာတွင် ကြွင်းကျန်နေသော အမှုများအား ကိုင်တွယ်ဖြေရှင်းရသည့် IRMCT နိုင်ငံတကာတရားရုံး မှ တရားသူကြီး ၅ ဦး သည် တပ်မှူးဟောင်း Ratko Mladic က ယခင်ယူဂိုဆလားဗီးယားဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး၏ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ချမှတ်ခဲ့သည့် အမိန့်နှင့်ပတ်သက်၍ အယူခံဝင်ခြင်းအပေါ် ဇွန်လ ၈ ရက်တွင် ပယ်ချလိုက်ပြီး ၎င်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည့် နောက်ဆုံးတရားစီရင်ချက်ကို ဆက်လက်ဆုပ်ကိုင် ထိန်းသိမ်းထားကြောင်း သိရသည်။

သဟိတ်မြို့တွင် တည်ရှိသည့် ယခင်ယူဂိုဆလားဗီးယားအရေး နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး က ၁၉၉၅ ခုနှစ် ဇူလိုင်လတွင် Ratko Mladic အား ၁၉၉၂ ခုနှစ် မှ ၁၉၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် Bosnian ဘော့စနီးယားစစ်ပွဲကာလတွင် လူမျိုးတုံးသတ်ဖြတ်မှု ၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အားဆန့်ကျင်မှုစသည့် ပြစ်မှုများ ကျူးလွန်ကြောင်း သံသယရှိသဖြင့် တရားစွဲဆိုမှုပြုလုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်၌ ယခင်ယူဂိုဆလားဗီးယားအရေး နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး က Ratko Mladic အား လူမျိုးတုံးသတ်ဖြတ်မှု ၊ လူသားမျိုးနွယ်အပေါ် အန္တရာယ်ပြုမှု နှင့် စစ်ရာဇဝတ်မှုတို့တွင် ပြစ်မှုထင်ရှားသဖြင့် ၎င်းအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ Ratko Mladic က ယခင်ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ ပြစ်မှုတရားရုံး မှ မိမိအပေါ် ဆွဲဆိုခဲ့သည့် အမှုသည် အဓိပ္ပါယ်မရှိဘဲ စက်ရွွံဖွယ်ရာကောင်းကြောင်း ပြစ်တင်ဝေဖန်ခဲ့ပြီး မိမိ၏ဆောင်ရွက်မှု များသည် တိုင်းပြည် နှင့် ပြည်သူလူထုအား ကာကွယ်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ချေပ ပြောဆိုခဲ့သည်။

ထို့နောက် Ratko Mladic က အယူခံဝင်ခဲ့ရာ ယခင်ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးအစား နိုင်ငံတကာပြစ်မှုများ အရေးယူရာတွင် ကြွင်းကျန်နေသော အမှုများအား ကိုင်တွယ်ဖြေရှင်းရသည့် IRMCT နိုင်ငံတကာတရားရုံးက အဆိုပါအယူခံမှုကို လက်ခံကြားနာပေးခဲ့ကြောင်း သိရသည်။ (Xinhua)
——————————————————-
(Chinese Version)

(国际)联合国下属机构维持对姆拉迪奇终身监禁的判决

新华社布鲁塞尔6月8日电(记者潘革平)海牙消息:联合国下属的刑事法庭余留事项国际处理机制8日在荷兰海牙宣布,维持对前波黑塞族军队司令姆拉迪奇终身监禁的判决。

当天,刑事法庭余留事项国际处理机制5名法官驳回了姆拉迪奇对联合国前南斯拉夫问题国际刑事法庭(前南刑庭)2017年11月有关判决的上诉,作出维持对其终身监禁的终审判决。

设在海牙的前南刑庭1995年7月指控姆拉迪奇涉嫌在1992年至1995年波黑战争期间犯有种族灭绝罪、战争罪和反人类罪。2017年11月22日,前南刑庭宣判姆拉迪奇种族灭绝罪、危害人类罪、战争罪罪名成立,判处其终身监禁。姆拉迪奇指责前南刑庭对他的指控“荒谬”“可憎”,称自己的所作所为是为了保卫人民和国家。此后,姆拉迪奇提出上诉。取代前南刑庭的刑事法庭余留事项国际处理机制受理了这一上诉案。(完)

Photo
这是2015年7月16日在联合国总部拍摄的联合国旗。 新华社记者 李木子 摄