Connect with us

WORLD

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ပီရူးနိုင်ငံတွင် ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများ မျှဝေဖလှယ်ပေး

ပီရူးနိုင်ငံ လီမာမြို့ အမျိုးသား ကျန်းမာရေးသုတေသနဌာနတွင် မေ ၂၅ ရက်က ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများ မျှဝေဖလှယ်ပေးနေသော တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

လီမာ၊မေ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည် ပီရူးနိုင်ငံ ကျန်းမာရေးဝန်ထမ်းအရာရှိများ၊ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်အတူ မေ ၂၅ ရက်က ဆွေးနွေးဖလှယ်ပွဲကျင်းပခဲ့ပြီး တရုတ်နိုင်ငံ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွေ့အကြုံများနှင့်နည်းလမ်းများအား မျှဝေပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်များသည် မေ ၂၅ ရက်နံနက်ပိုင်းတွင် ပီရူးနိုင်ငံ အမျိုးသား ကျန်းမာရေးသုတေသနဌာနသို့ သွားရောက်၍ ပီရူးနိုင်ငံ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးပညာပေး အစီအစဉ်များကို လေ့လာခဲ့ပြီးနောက် တရုတ်နိုင်ငံ၏အတွေ့အကြုံများ မျှဝေပေးကာ ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးလုပ်ငန်းများအတွက် အကြုံပြုပေးခဲ့ကြောင်း သိရသည်။

ပီရူးနိုင်ငံ လီမာမြို့ အမျိုးသား ကျန်းမာရေးသုတေသနဌာနတွင် မေ ၂၅ ရက်က ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများ မျှဝေဖလှယ်ပေးနေသော  တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

ပီရူးနိုင်ငံ လီမာမြို့ အမျိုးသား ကျန်းမာရေးသုတေသနဌာနတွင် မေ ၂၅ ရက်က ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများ မျှဝေဖလှယ်ပေးနေသော  တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

ထိုနေ့ညနေပိုင်းတွင် တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည် ပီရူး အမျိုးသာ ကျန်းမာရေး သုတေသနဌာန၊ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုစသည့်ဌာနများသို့သွားရောက်၍ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရာတွင် ရောဂါဖြစ်ပွားမှုကို စောစောတွေ့ရှိ၊စောစော ပြောကြား၊ စောစောသီးခြားထား၊ စောစောကုသခြင်းနှင့် ရောဂါကူးစက်ခံရသူများအား တစ်စုတစ်စည်းတည်းထားကာ ပညာရှင်၊အရင်းအမြစ်များ စုစည်းကာ ကုသပေးခြင်း ၏ အရေးကြီးပုံကို မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ အချို့ဒေသများတွင်လုပ်ဆောင်နေသည့် အစိုးရ၏ စီမံမှု၊ပညာရှင်၏လမ်းညွှန်မှု၊ ပြည်သူတစ်ရပ်လုံး၏ပါဝင်မှု၊ ကိန်းဂဏန်းအချက်အလက်များကို မူတည်မှုစသည့် ကပ်ရောဂါတိုက်ဖျက်ရေး နည်လမ်းများနှင့်အဓိကလုပ်ဆောင်ပုံများကို မျှဝေပေးခဲ့ကြောင်းနှင့် ပီရူးနိုင်ငံအရာရှိများနှင့်ပညာရှင်များ၏မေးမြန်းချက်များကို အသေးစိတ်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည့် မေ ၂၃ ရက်က လီမာမြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ တရုတ်နိုင်ငံအစိုးရမှ လက်တင်အမေရိကသို့စေလွှတ်သည့် ဒုတိယမြောက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်ကြောင်းသိရသည်။ (Xinhua)