Connect with us

WORLD

တူရကီနိုင်ငံတွင် COVID-19 ရောဂါ သက်သာပျောက်ကင်းသူပေါင်း ၁ သိန်း ၂ သောင်းကျော် ရှိလာ

တူရကီနိုင်ငံ အန်ကာရာမြို့၏ မြင်ကွင်းများအား မေ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ်၊ မေ ၂၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၉၈၇ ဦးရှိခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၁၅၇,၈၁၄ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၂၉ ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၄,၃၆၉ ဦး ၊ အသစ်ထပ်တိုး ရောဂါပျောက်ကင်းသွားသူ ၁,၃၂၁ ဦးရှိခဲ့ရာ စုစုပေါင်းရောဂါသက်သာပျောက်ကင်းသွားသူ ၁၂၀,၀၁၅ ဦးအသီးသီး ရှိခဲ့ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၂၅ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ 

တူရကီနိုင်ငံတွင် ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း ၁သိန်း၂သောင်းကျော်ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူရန်လိုအပ်သူ အရေအတွက်မှာလည်း ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း၊ ၎င်းမှာ တစ်နိုင်ငံလုံးပြည်သူများ၏အကြိုးပမ်းထုတ်မှုအကျိုးရလဒ်များ ဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Kocaက မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အလုပ်သမားဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန်နှင့် လုပ်ငန်းများပြန်လည် လည်ပတ်ရန်အချိန်ခါသစ်တွင် ထိရောက်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ထုတ်ပြန်သွားမည်ဖြစ်ပြီး နေ့စဉ်လူမှုဘဝတွင်လည်း ခပ်ခွာခွာနေရန် တင်းကြပ်စွာဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

 တူရကီနိုင်ငံ အန်ကာရာမြို့၏ မြင်ကွင်းများအား မေ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 တူရကီနိုင်ငံ အန်ကာရာမြို့၏ မြင်ကွင်းများအား မေ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တူရကီ COVID-19 ရောဂါတုံ့ပြန်ရေးဌာနမှ အဖွဲ့ဝင်တစ်ဦးက တူရကီ၌ အသစ်ထပ်တိုးရောဂါဖြစ်ပွားသူ တစ်ဖြေးဖြေးလျော့နည်းလာပြီး ဇွန်လကုန်ပိုင်းတွင် ထပ်တိုးလူနာ ရပ်တန့်သွားနိုင်ကြောင်း ၊ သို့သော်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေးသတ်မှတ်ချက်များကို လိုက်နာရန် အလွန်အရေးကြီးကြောင်း ၊ ထပ်တိုးကူးစက်မှုလှိုင်းသည် အများပြည်သူ၏ လိုက်နာစောင့်ထိန်းမှုနှင့်နီးကပ်စွာ ဆက်စပ်လျက်ရှိကြောင်း သတိပေး ပြောကြားထားသည်။ (Xinhua)