Connect with us

WORLD

တူနီးရှား နိုင်ငံ ဝန်ကြီးချုပ် က ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှုများ အပေါ် ကျေးဇူးတင်ကြောင်း ပြောကြား

တူနီးရှား နိုင်ငံ ဝန်ကြီးချုပ် Elyes Fakhfakh နှင့် တူနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဝမ်ဝင်ပင်း ဧပြီ ၃၀ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

တူနီးရှား ၊ မေ ၁ ရက် (ဆင်ဟွာ)

တူနီးရှား နိုင်ငံ ဝန်ကြီးချုပ် Elyes Fakhfakh က ဧပြီ ၃၀ ရက် ၌ တူနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဝမ်ဝင်ပင်း နှင့် တွေ့ဆုံရာ တွင် တရုတ် နိုင်ငံ မှ တူနီးရှား နိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် ပေးအပ်သော အားကောင်းသည့် ထောက်ခံအားပေးမှု နှင့် ကြီးမားသည့် ကူညီထောက်ပံ့မှု အပေါ် ကျေးဇူးတင်လိုကြောင်း ပြောကြား ခဲ့သည်။

တူနီးရှား နိုင်ငံ ဝန်ကြီးချုပ် Elyes Fakhfakh က တရုတ် နိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု အတွေ့အကြုံ က တူနီးရှား နိုင်ငံ အတွက် စံနမူနာ အဖြစ် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ၊ တူနီးရှား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ကို လွန်စွာ အလေးထားပြီး တရုတ် နိုင်ငံ နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ထားရှိကာ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အဓိက လုပ်ဆောင်မှု ၈ ရပ် အား လက်တွေ့တွန်းအားပေး ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တူနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဝမ်ဝင်ပင်း က တရုတ် နိုင်ငံ အနေဖြင့် တူနီးရှား နိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး တွင် ရရှိခဲ့သည့် အောင်မြင်မှုများ အပေါ် ချီးမွမ်းလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍  တူနီးရှား နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တူနီးရှား နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားပြီး အပြန်အလှန် လေးစားမှု နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် တရုတ်-တူနီးရှား မိတ်ဖက်ဆက်ဆံရေး ကို အတူတကွ ကြိုးပမ်းတည်ဆောက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ဧပြီ ၃၀ ရက် နေ့ အချိန်ထိ တူနီးရှား နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၉၉၄ ဦး ရှိပြီး စုစုပေါင်း ၄၁ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။  (Xinhua)