Connect with us

WORLD

ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင် COVID-19 ရောဂါကူးစက်ခံရ

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ဝဲ) က ဝန်ကြီးချုပ် မီခေးလ် မီရှုစတင်နှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင် (Mikhail Mishustin) သည် COVID-19 ရောဂါကူးစက်ခံနေရကြောင်း ကရင်မလင်နန်းတော်က ဧပြီ ၃၀ ရက်တွင် ပြောကြားလိုက်သည်။

“ကျွန်တော့်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သိခဲ့ရပါတယ်” ဟု မီရှုစတင်က ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် ဗီဒီယိုကွန်ဖရင့်တစ်ခုတွင် ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်က ကြေညာချက်၌ ဖော်ပြထားသည်။

ဝန်ကြီးချုပ်က ၎င်းအနေဖြင့် တစ်ကိုယ်ရည်သီးသန့်ခွဲနေကာ ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း လိုက်နာလျက်ရှိကြောင်း၊ အစိုးရကလည်း ပုံမှန်ဆက်လက် လည်ပတ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ပထမ ဒုတိယဝန်ကြီးချုပ် အန်ဒရီ ဘီလိုဆော့ဗ် (Andrei Belousov) က မီရှုစတင်၏ တာဝန်များကို ယာယီထမ်းဆောင်သွားမည် ဖြစ်သည်။ 

ကရင်မလင်နန်းတော်၏အဆိုအရ သမ္မတ ပူတင်က ဘီလိုဆော့ဗ်၏ တာဝန်ခန့်အပ်ခံရမှုဆိုင်ရာအမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။  (Xinhua)