Connect with us

WORLD

ပူတင်မှ ဘိုင်ဒန်အား အွန်လိုင်းဆွေးနွေးမှုများအတွက် ဖိတ်ကြား

ရုရှားသမ္မတ ဗလာဒီမာပူတင် (ဘယ်) နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်အား နှစ်နိုင်ငံ ဆက်ဆံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်အတွက် အွန်လိုင်းအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားလိုကြောင်း မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီလတွင် သမ္မတနှစ်ဦးအကြား ပထမဆုံးအကြိမ် တယ်လီဖုန်းခေါ်ဆိုခြင်းအား ဝါရှင်တန်ဘက်မှ အစပျိုးခဲ့ခြင်းဖြစ်ကြောင်း ပူတင်က ဒေသခံ TV အစီအစဉ်တွင်ပြောကြားခဲ့သည်။

“ကျွန်တော်အနေနဲ့ သမ္မတဘိုင်ဒန်ကို ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ၊ အွန်လိုင်းပေါ်မှာ တိုက်ရိုက်စကားပြောဖို့ ဖိတ်ကြားလိုပါတယ်” ဟု၎င်းကဆိုသည်။

ယင်းဆွေးနွေးမှုများအား မတ် ၁၉ ရက် သို့မဟုတ် မတ် ၂၂ ရက်တွင် ကျင်းပနိုင်ခြေရှိကြောင်း၊ ကရင်မလင်နန်းတော်အနေဖြင့် အိမ်ဖြူတော်အဆင်ပြေသည့် မည်သည့်အချိန်မဆို အဆင်သင့်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ သက်ဆိုင်ရာညွှန်ကြားချက်များ ပေးသွားမည်ဖြစ်ကြောင်း ပူတင်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းနေ့အစောပိုင်းတွင် အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန်နှင့် ရုရှားနိုင်ငံအနေဖြင့် ၎င်းတို့ကို ကာကွယ်နိုင်စွမ်းရှိကြောင်း ပူတင်ကပြောကြားခဲ့သည်။

၎င်းက ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် အပြန်အလှန်အကျိုးစီးပွားရှိသောနယ်ပယ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ သို့သော် ရုရှားနိုင်ငံနှင့် သင့်လျော်မည့်အချက်များသာပြင်ဆင်ထားကြောင်း ဆိုသည်။

အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားသည် ယခင်သမ္မတ ဒေါ်နယ်ထရမ့်အား ထောက်ခံမှုတိုးမြင့်စေရန် ဘိုင်ဒန်၏ ယှဥ်ပြိုင်မှုအား ရှုတ်ချမှုပြုလုပ်ခဲ့ကြောင်း မတ် ၁၆ ရက် အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာက စွပ်စွဲခဲ့ပြီးနောက် ရုရှား-အမေရိကန်တင်းမာမှုများမြင့်တက်နေစဉ် ပူတင်က ယင်းသို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ (Xinhua)
———————————–
(English Version)
Putin invites Biden to online discussions
MOSCOW, March 18 (Xinhua) — Russian President Vladimir Putin said on Thursday that he would like to invite his U.S. counterpart Joe Biden to an online meeting to continue their discussions of bilateral ties.
Putin told a local TV program that the first phone call between the presidents in January was initiated by Washington.
“I want to invite President Biden to continue our discussions, but on the condition that we do this actually live, as they say, online,” he said.
The discussions could be held on Friday or Monday, and the Kremlin is ready at any time convenient for the White House, Putin said, adding that he would give relevant instructions to the Russian Foreign Ministry.
Earlier in the day, Putin said that the United States has to take into account Russia’s interests and Moscow is capable of protecting them.
He emphasized that Russia is prepared to work with the United States in fields of mutual interest, but only on terms that are favorable for Russia.
Putin made the remarks amid escalating Moscow-Washington tensions after a U.S. intelligence report on Tuesday accused Russia of “denigrating” Biden’s candidacy during the elections to increase support for former President Donald Trump. ■

Photo– Xinhua file photos of Russian President Vladimir Putin (L) and U.S. President Joe Biden

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.