WORLD
အမေရိကန်ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုခံယူ
ဝါရှင်တန်၊ဒီဇင်ဘာ၂၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်
အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်သည် ၎င်းနေထိုင်ရာ Delaware ပြည်နယ်တွင် ဒီဇင်ဘာ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူနေပုံကို ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။
အသက် ၇၈ နှစ်အရွယ် ယခင်ဒုတိယသမ္မတ(ဟောင်း)ဘိုင်ဒန်သည် Pfizer BioNTech မှထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ထိုးနှံခဲ့ပြီး ယင်းကာကွယ်ဆေး ၉၈ ရာခိုင်နှုန်းအထိ အကျိုးထိရောက်မှုရှိစေရန်အတွက် နောက်ထပ်ဆေးတစ်လုံးကို လာမည့် ရက်သတ္တပတ်များတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံသွားရန် လိုအပ်ကြောင်း သိရသည်။ ထိုသို့ ဘိုင်ဒန်သည် ကာကွယ်ဆေးထိုးနှံပြီးနောက်တွင် ယင်းနေ့မှာပင် ၎င်း၏ ဇနီးဖြစ်သူလည်း ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Long Island Jewish ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် ပြင်ဆင်နေစဉ်(ဆင်ဟွာ)
“ ကျွန်တော်ပြောချင်တာကတော့ ကြောက်မက်ဖွယ် ရောဂါကြားမှာ လုပ်ကိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် ကျွန်တော်တို့အကြွေးတွေအများကြီးတင်နေတယ်” ဟု Delaware ပြည်နယ် ၊ Newark မြို့ရှိ ChristianaCare ဆေးရုံတွင် ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ဘိုင်ဒန်က ပြောကြားခဲ့သည်။“ သိပ္ပံပညာရှင်တွေနဲ့ ဒီဆေးဝါးကို အတူတကွဖော်ထုတ်ခဲ့သူတွေ ၊ ရှေ့တန်းမှာလုပ်ကိုင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ၊ ပြီးတော့ ကာကွယ်ဆေး စမ်းသပ်မှုအဆင့်တိုင်းမှာ ပါဝင်ခဲ့သူတွေ အားလုံးဟာ တကယ့်အံ့ဩစရာပါပဲ ၊ ခင်ဗျားတို့ ဘယ်လို အလုပ်ရှုပ်နေလဲဆိုတာ သိရဖို့ ဆေးရုံတစ်ခုလုံးကို အချိန်ယူပြီး သွားကြည့်ချင်မိတယ် ၊ ခင်ဗျားတို့အားလုံးဟာ တကယ့်ဂုဏ်ယူစရာပါ ၊ ပြီးတော့ ခင်ဗျားတို့အားလုံးအပေါ်မှာ အကြွေးအကြီးကြီးတင်နေတယ်၊ ကျွန်တော်တို့ ပြန်ပေးဆပ်ရမှာပါ” ဟု ၎င်းက ဆိုသည်။
အမေရိကန်နိုင်ငံ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီဖော့ဆီ(Anthony Fauci) က ကာကွယ်ဆေးအပေါ် အခိုင်အမာထောက်ခံမှုပြုလုပ်ခဲ့ပြီးနောက်တွင် COVID-19 ရောဂါကူးစက်နိုင်ချေမြင့်မားသော အုပ်စုဝင် ဘိုင်ဒန်သည် ယခုကဲ့သို့ ဆေးထိုးနှံခဲ့ခြင်းဖြစ်သည်။ လာမည့် ဇန်နဝါရီလတွင် ဘိုင်ဒန်သည် သမ္မတရာထူး တရားဝင် ရယူချိန်၌ ဖော့ဆီအား ၎င်း၏ ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ရန် အမည်စာရင်းသွင်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဘိုင်ဒန်အနေဖြင့် မည်သည့်အချိန်တွင် နောက်ထပ် ကာကွယ်ဆေးတစ်လုံး ဒုတိယအကြိမ်ထပ်မံထိုးနှံမှု ခံယူသွားမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ ။ “ ကျွန်တော်အနေနဲ့ ကာကွယ်ဆေး ဒုတိယတစ်လုံး ဆက်ထိုးသွားဖို့ရှိပါတယ်။ ဆိုတော့ Jill (ဘိုင်ဒန်၏ဇနီး) ရောပေါ့” ဟု ဘိုင်ဒန်က ဆိုသည်။
ဘိုင်ဒန် အာဏာလွှဲပြောင်းရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထောက်များအားပြောကြားရာ၌ ရွေးကောက်ခံ ဒုတိယသမ္မတ ကမ်မလာဟားရစ်(Kamala Harris ) နှင့် ၎င်း၏ ခင်ပွန်း Doug Emhoff တို့သည် လာမည့် ရက်သတ္တပတ်တွင် ကာကွယ်ဆေးထိုးနှံသွားမည်ဖြစ်ကြောင်း ဆိုသည်။
အမေရိကန်ဒုတိယသမ္မတမိုက်ပန့်(Mike Pence) နှင့် ၎င်း၏ ဇနီးကာရင်ပန့် တို့သည် ဗိုလ်ချုပ်ကြီး Jerome Adams နှင့်အတူ ဒီဇင်ဘာ ၁၈ ရက်က ကာကွယ်ဆေးထိုးနှံနေပုံကို ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။အမေရိကန်-ဂျာမနီ နှစ်နိုင်ငံပူးပေါင်းထုတ်လုပ်သည့် Pfizer BioNTech ကာကွယ်ဆေးကို အမေရိကန်နိုင်ငံအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)က အရေးပေါ်အသုံးပြုခွင့် ခွင့်ပေးခဲ့ပြီးနောက်တွင် ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ဆေးထိုးနှံမှု စတင် လုပ်ဆောင်ခဲ့ပြီး ယင်းဆေးဝါးများကို အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ် ၅၀ ၊ ကိုလံဘီယာခရိုင် နှင့် ပွာတိုရီကို သို့ ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် FDA သည် ဒီဇင်ဘာ ၁၈ ရက်က Modena ကိုဗစ်ကာကွယ်ဆေးကိုလည်း အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရသည်။အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းအချိန်ထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈ သန်း နှင့် သေဆုံးသူ ၃၁၈,၆၀၀ ခန့်ရှိခဲ့ရာ ပြီးခဲ့သော အားလပ်ရက်ကာလအတွင်း COVID-19 ရောဂါ အတည်ပြုလူနာ နှင့် သေဆုံးမှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။(Xinhua)
——————————————–
(English Version)
Biden receives first dose of coronavirus vaccine
WASHINGTON, Dec. 21 (Xinhua) — U.S. President-elect Joe Biden on Monday received the first dose of the coronavirus vaccine during a televised event in his home state of Delaware.
The 78-year-old former vice president was administered the Pfizer BioNTech coronavirus vaccine, which requires a second dose weeks apart to reach 98 percent efficacy. Biden’s vaccination followed that of his wife Jill Biden earlier on the same day.
“What I want to say is we owe these folks an awful lot,” Biden, donning a black mask, said after getting the shot at ChristianaCare Hospital in Newark, Delaware. “The scientists and the people who put this together, the front line workers, the people who were the ones who actually did the clinical work, it’s just amazing. I wish we had time to take you through the whole hospital to see how busy and incredible you all are. And we owe you big. We really do.”
Biden, who is considered in the high-risk age category for COVID-19, got inoculated after top U.S. infectious disease expert Anthony Fauci strongly recommended that he do so. Fauci has been named Biden’s chief medical adviser when the president-elect takes office in January.
It’s not clear when the Bidens will receive the second doses.
“I’m looking forward to the second shot. So is Jill,” Biden said.
Jen Psaki, spokeswoman for the Biden transition team, told reporters Friday that Vice President-elect Kamala Harris and her husband, Doug Emhoff, would receive their vaccinations next week.
Vice President Mike Pence and second lady Karen Pence, together with Surgeon General Jerome Adams, were administered the vaccine Friday at an on-camera event.
The first dose of the Pfizer BioNTech vaccine, the result of U.S.-German collaboration, began to be injected to health care workers across the United States last week after getting emergency use authorization from the U.S. Food and Drug Administration (FDA), and have been delivered to 50 states, the District of Columbia and Puerto Rico.
The FDA also gave green light to the Moderna COVID-19 vaccine on Friday.
COVID-19 cases and deaths spiked during the ongoing holiday season in the United States, with total infections nearing 18 million and cumulative deaths around 318,600 as of Monday afternoon.
(1) US President-elect Joe Biden receives a Covid-19 vaccination on December,21.
(2) A healthcare worker prepares the administration of the COVID-19 vaccine at Long Island Jewish Medical Center in New York, the United States, on Dec. 14, 2020. (Xinhua/Wang Ying)