Connect with us

Agriculture

ဆည်၊ ကန်၊ တမံ ၇၄ ခုမှ မိုးစပါးစိုက်ဧက သုံးသိန်းကျော် စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေ ပေးဝေမည်

မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်တစ်ခုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်၊ ကန်၊ တမံ ၇၄ ခုမှ တောင်သူများစိုက်ပျိုးမည့် မိုးစပါး စိုက်ဧက ၃၃၀၀၀၀ ကို ရေလိုအပ်ချက်မရှိ ပြည့်ဝစွာ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လက်ရှိတွင် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်နှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ ဆည်၊ ကန်၊ တမံများမှ ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးအတွက် ပျိုးထောင်ရေကို လည်း စတင်ပေးဝေနေပြီဖြစ်ကြောင်း၊ ကျန်ရှိသော မြင်းခြံခရိုင်၊ မိတ္ထီလာ ခရိုင်၊ ရမည်းသင်း ခရိုင်နှင့် ညောင်ဦးခရိုင်များရှိ ဆည်၊ ကန်၊ တမံများမှ မိုးစပါးပျိုးထောင်ရေကို ယခုလ ၁၅ ရက်တွင် စတင်ပေးဝေ သွားမည်ဖြစ်ကြောင်း၊ ထို့အတွက် စိုက်ပျိုးသော တောင်သူများအနေဖြင့် မိုးစပါးပျိုးထောင်ရေ စတင်ပေးဝေချိန်တွင် လိုအပ်သလို ရယူနိုင်ရေးနှင့် တောင်သူများအနေဖြင့် လိုအပ်သည့် အခက်အခဲများရှိပါက တူးမြောင်းထိပ်များတွင် ဌာနသို့ အကူအညီများ တောင်းယူနိုင် ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧကများအတွက် ဆည်ရေဖြင့် ၃၂၂၉၈၄ ဧက၊ မိုးရေဖြင့် ၁၃၀၀၈ ဧက စုစုပေါင်း စိုက်ပျိုးဧက ၃၃၅၉၉၂ ဧကတို့ကို တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ခဲ့ကြောင်းနှင့် နွေစပါးစိုက်ဧက ၁၅၅၂၇၄ ဧကအတွက်လည်း စိုက်ပျိုးရေများ ပေးဝေခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.