Agriculture
စပါးသိုလှောင်ရေး စင်တာများ တည်ဆောက်ရန် တောင်းဆို
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
နိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁ဝ ခု၌ စပါးသိုလှောင်ရေး စင်တာများ တည်ဆောက်ရန် တောင်းဆိုထားကြောင်း ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။
အဆိုပါ စကားသိုလှောင်ရေး စင်တာများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ တည်ဆောက်ရန် သတ်မှတ်ထားပြီး ကျန်လေးနေရာ အတွက် ရွေးချယ်နေဆဲဖြစ်ကြောင်း သိရသည်။
ယင်းစင်တာများ၌ လယ်ယာကဏ္ဍအတွက် လိုအပ်သည့်မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် မြေယာပြုပြင်ရေး ကိရိယာရောင်းချခြင်း၊ ထွက်ရှိလာသည့် စပါးများကို ကြိတ်ခွဲခြင်းနှင့် သိုလှောင်ခြင်း အတွက် ဝန်ဆောင်မှုလုပ်ငန်း အပါအဝင် တောင်သူလယ်သမားများအတွက် လိုအပ်သည့်နည်း ပညာပံ့ပိုးခြင်း၊ တောင်သူလယ်သမားများနှင့် ကုမ္ပဏီတို့အကျိုးတူ ပူးပေါင်း လုပ်ဆောင်မည့် Contract Farming ကိစ္စများနှင့် ပတ်သက်၍ စင်တာမှ ဆောင်ရွက်ပေးနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)