Connect with us

Agriculture

စစ်တွေမြို့နယ်အတွင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၁၆၉၈ဝ ထုတ်ချေးမည်

စပါးစိုက်ပျိုးနေသော တောင်သူလယ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂ဝ၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း ၁၆၉၈ဝ ထုတ်ချေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စစ်တွေဘဏ်ခွဲ၌ မေ ၁၇ ရက်နေ့မှ စတင် ထုတ်ချေး လျက်ရှိကြောင်း သိရသည်။

”မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စစ်တွေဘဏ်ခွဲကနေ ၂ဝ၁၈ ခုနှစ် မိုးရာသီ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေတွေကို ဒီနေ့ စတင်ထုတ်ချေးပေး နေပါ တယ်၊ စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာအုပ်စုနဲ့ အောင်တိုင် ကျေးရွာ အုပ်စုက တောင်သူ ၁၂၅ ဦးကို မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၉၃၇ သိန်း ၅ သောင်း ထုတ်ချေးသွားမှာ ဖြစ်ပါတယ်”ဟု မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် စစ်တွေဘဏ်ခွဲမန်နေဂျာ ဦးစံညွန့်က ပြောသည်။

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ထုတ်ချေးမှုပုံစံ ပြောင်းလဲ ထားကြောင်း၊ တောင်သူ သုံးဦးအစုအဖွဲ့ဖြစ်မှ ချေးငွေထုတ်ချေးမည်ဖြစ်ပြီး ယင်းအဖွဲ့မှ တစ်ဦးဦးက ချေးငွေပြန်မဆပ်လျှင် အဆိုပါ အဖွဲ့ကို ချေးငွေသစ် ထုတ်ချေးမည်မဟုတ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.