Connect with us

Agriculture

မြန်မာ့ သီးနှံများအား ရောင်းသူ့ ဈေးကွက် ဖြစ်လာစေရန် တိုက်တွန်း

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း အမှာစကား ပြောကြားးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍထုတ်ကုန်သီးနှံများအား ဝယ်သူ့ ဈေးကွက် အဆင်းတွင် ၇ှိနေသော လက်ရှိ အခြေအနေကို ရောင်းသူ့ ဈေးကွက်အဆင့်သို့ ရောက်ရှိလာစေရေး အတွက် လူငယ် စိုက်ပျိုးရေး ပညာရှင်များက စွမ်းဆောင်သွားကြရန် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။

“နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ ထုတ်ကုန်တွေဟာ လက်ရှိမှာ ကုန်ကြမ်းပစ္စည်းကို ရောင်းနေရတဲ့ အဆင့် ဖြစ်ပါတယ်၊ သူများ ဝယ်မှ သူများ ပေးတဲ့ ဈေးနဲ့ရောင်းနေရတဲ့ buyers’ supply ဖြစ်နေတယ်၊ အဲဒီအခြေအနေကနေ ရောင်းသူ့ ဈေးကွက် Sellers’ market ဖြစ်လာဖို့၊ The whole supply change ဖြစ်ဖို့အတွက် အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အခုလို ဝိုင်းဝန်း ဖြည့်ဆည်းပြီး လူငယ် စွန့်ဦးတီထွင် စိုက်ပျိုးရေး ပညာရှင်တွေက ဆက်လက် ကြိုးပမ်းသွားကြစေ လိုပါတယ်” ဟု နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ ပြုလုပ်သော Agrifood Bootcamp အစီအစဉ်၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း အမှာစကား ပြောကြားးစဉ် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ သံအမတ် Mr. Wouter Jurgens အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ သံရုံးမှ စိုက်ပျိုးရေး သံမှူး Mr. Frederik Heijink အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

Agrifood Bootcamp အစီအစဉ် ကျင်းပနေစဉ် (ဆင်ဟွာ)

မြန်မာ့သီးနှံများကို နိုင်ငံတကာ ဈေးကွက်တွင် ပါဝင် ယှဉ်ပြိုင်လာနိုင်ရေးမှာ အဓိက အရေးကြီးသော အချက်ဖြစ်ကြောင်း၊ လူငယ် စိုက်ပျိုးရေး ပညာရှင်များ အနေဖြင့် မိမိတို့ ရရှိလာသည့် အတွေးအကြံ အသစ်များကို အတွေး အဆင့်မှာ ရပ်မထားဘဲ စမ်းသပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားကြဖို့ လိုအပ်ကြောင်း၊ မိမိတို့နှင့် အဓိက ပူးပေါင်းဆောင်ရွက်သွားမည့် ပုဂ္ဂိုလ်များမှာ လယ်သမား များ ဖြစ်ကြသဖြင့် ၎င်းတို့က နားလည်လာပြီး ပူးပေါင်း ဆောင်ရွက်လာအောင် ဆက်လက် ဆောင်ရွက်ကြရ မှာ ဖြစ်ကြောင်း၊ မဖြစ်နိုင်တာဟူ၍ ဘယ်နေရာမှ မရှိဘဲ အမြဲတမ်း ဖြစ်နိုင်သည် ဟူသည့် စိတ်ဓာတ်ကို မွေးမြူ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ထို စိတ်ဓာတ်ကို ယနေ့ကစပြီး မြှင့်တင်ပေးဖို့ မှာကြားလိုကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

ယနေ့ ပြုလုပ်သည့် အခမ်းအနားသည် ကမ္ဘာ့ လူဦးရေ တိုးလာသည်နှင့်အမျှ နှစ်စဉ် ပိုမို လိုအပ်လာသော အစားအစာများအတွက် စိုက်ပျိုး ရေး သီးနှံများကို မည်သို့ ထုတ်လုပ်မည်နည်း၊ အချိန်တိုအတွင်းမှာ အာဟာရဖြစ်သော သီးနှံများ၊ ကုန်ချောများ၊ စိုက်ပျိုးရေး ကုန်ကြမ်းမှ ရသည့် ဝါဂွမ်း ချည်ထည် စသည့် လူ့ အသုံးအဆောင်များ၊ အစားထိုး လောင်စာများ စသည်တို့ကို ဈေးကွက်ဝင်အောင် မည်သို့ ထုတ်လုပ်မည်နည်း၊ ရေ အနည်းငယ်မျှဖြင့် အကျိုးရှိအောင် မည်သို့ စိုက်ပျိုးနိုင်သနည်း စသည့် နယ်သာလန်နိုင်ငံ၏ စိုက်ပျိုးရေး နည်းပညာရပ်များကို မျှဝေပေးသော Agrifood Bootcamp သင်တန်းများမှ လေးဆယ်ဦး တို့၏ သင်တန်းအပြီး စိတ်ကူး အကြံဉာဏ် အသစ်များ တင်ပြချက်များအား သက်ဆိုင်ရာ စိုက်ပျိုးရေး အဖွဲ့အစည်း အသီးသီးက အမှတ်ပေး ဆုံးဖြတ်ကာ နိုင်ငံ့ကိုယ်စားပြု စိုက်ပျိုးရေး သံတမန် ရှစ်ဦး ရွေးချယ်ပေးခြင်းဖြစ်ပြီး မြန်မာ့ သြဘာ အဖွဲ့၏ CEO, စန္ဒာခမ်း အာလူးစိုက်ခင်းအဖွဲ့ ခေါင်းဆောင် ၊ သမဝါယမ တက္ကသိုလ် ပါမောက္ခချုပ် စသူတို့ အပါအဝင် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် နယ်သာလန်နိုင်ငံ သံအမတ် Mr. Wouter Jurgens ၊ နယ်သာလန်နိုင်ငံ သံရုံးမှ စိုက်ပျိုးရေး သံမှူး Mr. Frederik Heijink နှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျာ်ဆွေလင်း တို့က အမှာစကားများ၊ Agrifood နှင့် ပတ်သက် ဆက်နွယ်သည့် လက်ရှိ အခြေအနေများ၊ အနာဂတ် အခွင့်အလမ်းများ အသီးသီး ပြောကြားခဲ့ကြ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.