Connect with us

Culture & Entertainment

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ရွှေကျင်ရန် တူးဖော်နေခြင်းအား တားမြစ်ခဲ့ရ ၊ လုံခြုံရေးအရ ဆက်လက်စောင့်ကြည့်လျက်ရှိ

ပုဂံယဉ်ကျေးမှုဒေသအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ရွှေကျင်ရန် တူးဖော်နေခြင်းကို တားမြစ်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း ပုဂံယဉ်ကျေးမှုဒေသ၏ လုံခြုံရေး ကိုဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆင်ဟွာသို့  ယနေ့ မေ ၁၄ ရက် တွင် ပြောကြားခဲ့သည်။

၎င်းက “ရွှေရှာဖွေသူကို နောင်မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းထားပါတယ်။ အရင်က ရွှေတူးဖော်ထားတဲ့ မြေစာပုံ တွေ မှာ ရွှေပြန်ရှာနေကြတာပါ။ ပုဂံယဉ်ကျေးမှုဒေသရဲ့ လုံခြုံရေးအတွက် ရဲ၊ ဌာနဆိုင်ရာ လုံခြုံရေး အဖွဲ့တွေ၊ ရပ်ရွာ ပြည်သူလူထုနဲ့ ပေါင်းပြီး ဆောင်ရွက်နေပါတယ်”  ဟုပြောသည်။

COVID-19 ရောဂါ ကြောင့် လုပ်ငန်းခွင်များရပ်နားထားသည့် ကာလတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့နယ်၊ မြင်းကပါကျေးရွာ အပိုင် တောင်ဘီကျေးရွာ အနီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဒေသခံအင်အား (၂၀) ဦးခန့်သည် ရှေးဟောင်း ပစ္စည်းဖြစ်သော ပုတီးစေ့ များ တူးဖော်ရှာဖွေနေကြောင်း သတင်းအရ မေ၇ရက်တွင်  ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 ထိုသို့စစ်ဆေးစဉ် တူးဖော်နေသူ (၁၀)ဦးအားတွေ့ရှိခဲ့ရကြောင်း ၊  ၎င်းတို့နှင့် အတူ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဇကာများနှင့်ပစ္စည်းများ ပါဝင်ကြောင်း နှင့်  သိမ်းဆည်းရမိသည့် ပစ္စည်းများထဲတွင် ရှေးဟောင်း ပုတီးစေ့များ ပါဝင်ခြင်းမရှိကြောင်း သိရသည်။ 

အလားတူ မြင်းကပါကျေးရွာအနီး ရွှေဥမင်ဘုန်းကြီးကျောင်း ဘေးတွင် ရှေးဟောင်းပစ္စည်း များတူးဖော်နေကြောင်း သတင်းရရှိမှုအရ မေ၁၀ရက်၊ ဝရး၄၅ နာရီအချိန်တွင် ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ တူးဖော်နေသူ (၄)ဦးခန့်ကို တွေ့ရှိရပြီး ၎င်းတို့အသုံးပြုသည့် ပစ္စည်းကိရိယာများကို ယူဆောင်ထွက်ပြေး ခဲ့သဖြင့် ဆက်လက်ကြည့်ရှုစစ်ဆေးရာ မြေကျင်းအနက် (၃ ပေ / ၄ ပေ)ခန့်၊ အချင်း (၄)ပေပတ်လည်ခန့်ရှိသော မြေကျင်းများနှင့် တူးဖော်ရာတွင်အသုံးပြု သည့် သံတူရွင်း(၁)ချောင်း၊ မြေကော်ဂေါ်ပြား (၂)ချောင်း၊ တူးရွင်းငန်းပြား(၁)ချောင်း၊ မြေသယ်ယူသည့် ဆာလာအိတ် များ၊ မြေကော်ယူသည့် စတီးသတ္ထုခွက်များ၊ မြေဇကာချသည့် ဇကာ(၅)ခုတို့ကို တေွ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါနေရာများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် များတည်ရှိရာဒေသ(ယခင် MZ) ဧရိယာတွင် ကျရောက်လျက်ရှိကြောင်း သိရသည်။  (Xinhua)