Connect with us

Culture & Entertainment

မဟာသြင်္ကန်အတက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များလုံခြုံရေးတိုးမြှင့်ဆောင်ရွက်

၂၀၁၆ ခုနှစ် မဟာသြင်္ကန်ပွဲတော်ကာလအတွင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များလုံခြုံရေးဆောင်ရွက်နေမှုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဖေ့ဘွတ်)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်မဟာသြင်္ကန် အတက်နေ့ နောက်ဆုံးနေ့တွင် ရေကစားကြသူများ ဘေးကင်းလုံခြုံမှုရှိစေရန် နှင့် နယ်မြေအတွင်း မှုခင်းများမဖြစ်ပွားစေရေးအတွက် မော်တော်ယာဉ်လှည့်ကင်း၊ စက်ဘီးလှည့်ကင်းများဖြင့် အင်အားဖြည့်ဆောင်ရွက် လျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

၎င်းတာဝန်ရှိသူက “လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်များ အနေနဲ့ အရင်နေ့တွေထက် လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ နယ်မြေအတွင်း ပြစ်မှုများမဖြစ်ပွားစေဖို့နဲ့ မိဘပြည်သူတွေ အကူအညီ တောင်းခံလာပါက ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့အတွက် မြို့နယ်အသီးသီးမှာ စက်ဘီးလှည့်ကင်းတွေနဲ့လည်း လှည့်လည်ပြီးဆောင်ရွက်နေပါတယ်’’ ဟုပြောသည်။
ယခုနှစ်အတာသြင်္ကန်သည် ယခင်နှစ်များ နှင့် မတူ ပြည်သူ့ရဲတပ်ဖွဲ့များ အနေဖြင့်လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်သည့် အတွက် သြင်္ကန်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူများ အနေဖြင့်လည်း လုံခြုံမှုကို ပိုခံစားရကြောင်း သြင်္ကန်ပွဲတော်တွင် လည်ပတ်သူတချို့အား ဆင်ဟွာမှ မေးမြန်းချက်အရသိရသည်။

၂၀၁၆ ခုနှစ် မဟာသြင်္ကန်ပွဲတော်ကာလအတွင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များလုံခြုံရေးဆောင်ရွက်နေမှုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ– ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဖေ့ဘွတ်)

၂၀၁၆ ခုနှစ် မဟာသြင်္ကန်ပွဲတော်ကာလအတွင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များလုံခြုံရေးဆောင်ရွက်နေမှုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ– ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဖေ့ဘွတ်)
အသက်၂၀ အရွယ် မောင်အောင်ခန့်က “ ကျွန်တော်သြင်္ကန်တိုင်း စကာၤပူမှာ ကျောင်းတက်နေရာကနေ ပြန်လာပြီး သြင်္ကန်ကျတယ်။ ဒီနှစ်သြင်္ကန်ကတော့ တကယ့် ကိုလုံခြုံရေးစနစ်ကျတယ်။ ပုလင်းတွေဆိုလည်း ကိုင်ခွင့်မပေးတော့ ရန်ပွဲတွေလည်း နည်းတာပေါ့။ ရဲတွေနဲ့ လူငယ်တွေလည်း အဆင်ပြေကြတယ်ဗျ’’ ဟု ဆင်ဟွာကိုပြောသည်။
မဟာသြင်္ကန် ဒုတိယအကြတ်နေ့တွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိမှု အနေဖြင့်
လှိုင်မြို့နယ်ရှိ Air Bagan ရေကစားမဏ္ဍပ်တွင် ရေကစားသူများထံမှ လက်ကိုင်ဖုန်းများနှင့် ငွေများနှိုက်ယူသည့် ခါးပိုက်နှိုက်မှု(၁)မှု၊ MPTရေကစားမဏ္ဍပ်တွင် ရေကစားသူများထံမှ လက်ကိုင်ဖုန်းများနှင့်
ငွေများနှိုက်ယူသည့် ခါးပိုက်နှိုက်မှု(၃)မှုနှင့် လှိုင်သာယာမြို့နယ်ရှိအေးချမ်းဝေဖြာ ရေကစားမဏ္ဍပ်တွင် ရေကစားသူများထံမှ လက်ကိုင်ဖုန်းများနှင့် ငွေများနှိုက်ယူသည့် ခါးပိုက်နှိုက်မှု(၃)မှု ဖမ်းဆီးအရေးယူနိုင်ခဲ့သဖြင့် သြင်္ကန်ကာလအတွင်း ယနေ့အထိ စုစုပေါင်းခါးပိုက်နှိုက်မှု
(၃၉)မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် မဟာသြင်္ကန်အတက်နေ့တွင် ရေပက်ကစားသူများ၊ လည်ပတ်သူများ အရင်နေ့များထက် ပိုမိုစည်ကားလျက်ရှသည်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် သြင်္ကန်ပွဲတော် နောက်ဆုံးနေ့တွင် အေးချမ်းအောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် လုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ရေကစားသူများမှ အကူအညီတောင်းခံလာသည့်အခါ ကူညီဆောင်ရွက်ပေးနိုင်ရန်ကိုလည်း အသင့်စုဖွဲ့ထားရှိပြီး လုံခြုံရေးအင်အားအပြည့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ (Xinhua)