Connect with us

Culture & Entertainment

အမုန်းတရားမပြန့်ပွါးစေရန် လူငယ်များ ပူးပေါင်းဆောင်ရွက်

သူငယ်ချင်းဆိုတာ နယ်နမိတ်မရှိဘူး (ဓာတ်ပုံ-My Friend Facebook စာမျက်နှာ)

ရန်ကုန်၊ဇန်နဝါရီ ၁၃ရက်(ဆင်ဟွာ)

ဘာသာရေး ၊ လူမှုရေး များ နှင့် ပက်သက်၍ အမုန်းမပွါးစေရန် မိမိ၏ ဘာသာခြား သူငယ်ချင်းများ နှင့် selfie (ဆယ်လ်ဖီ) ရိုက်ထားသည့်ပုံ သို့မဟုတ် ဓါတ်ပုံ ဆရာ နှင့် ရိုက်ထားသည့် ပုံများကို https://www.facebook.com/myfriendcampaign မှာ တင်ပြီး ဘာသာလူမျိုးခွဲခြားမှု မရှိပဲ ချစ်ခင်စွာ နေထိုင်ကြောင်း ပြသကြသည်ဟု အဆိုပါကိစ္စကိုဆောင်ရွက်နေသူ မဝေေ၀နုက ဆင်ဟွာကို ယနေ့ပြောသည်။

မဝေေ၀နုက “ ကျွန်မတို့က friend is no boundaries ဆိုတဲ့ မူနဲ့ အညီပေါ့။ ကျွန်မတို့ My Friend ဆိုတဲ့ဖေ့ဘွတ်စာမျက်နှာမှာ ကိုယ့်ဘာသာခြား သူငယ်ချင်းတွေနဲ့ ပုံလေးတွေ ကို share (ရှယ်) ပေးလို့ရတယ်။ ဒီလို လုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်က ဝါဒဖြန့်တာတွေ အမုန်းစကားတွေ ရှိပေမယ့် တကယ့်လက်တွေ့ဘဝမှာ ကျွန်မတို့ လူငယ်တွေက ဘာသာခြား သူငယ်ချင်းတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ရှိနေကြတယ်ဆိုတာ ကိုပြချင်လို့ပါ’’ ဟုပြောသည်။

အဆိုပါ My Friend ဆိုသည့် ဖေ့ဘွတ်လေးကို ဘာသားခြားသူငယ်ချင်း မိတ်ဆွေများ နှင့် ရိုက်ထားသည့် ဓါတ်ပုံများကို လာတင်လို့ ရပြီး၊ အဲ့သည့် ပုံတွေထဲကမှ လူစိတ်အဝင်စားဆုံး like အများဆုံးရသူကို တစ်ပါတ်တစ်ခါရွေးပြီး ဖုန်းငွေ ကျပ်၁၀,၀၀၀ ဖိုး ငွေဖြည့်ပေးကြောင်း၎င်းကဆိုသည်။
My Friend ဖေ့ဘွတ်စာမျက်နှာတွင် ဓါတ်ပုံတင်သည့် လူငယ်တစ်ဦးဖြစ်သည့် ကိုဟန်ဆက်လူက “ကျွန်တော် နေထိုင်တဲ့ လူ့အဖွဲ့အစည်း က ကွဲပြားခြားနားမှုတွေများတယ်။ ဘာသာတရား အစုံပါတယ်။ ဒါပေမယ့် ပြဿနာ မဖြစ်ကြပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အရမ်း ကူညီ ချစ်ခင်ကြတယ်။ အဲ့တာလေးကို share ချင်တာပါ။ ကွဲပြားမှုတွေ ရှိပေမယ့် မေတ္တာ တရား သာ အဓိက ဆိုတာ ပြချင်လို့ ကျွန်တော်အနေနဲ့ အဲ့ဒီ့ ဖေ့ဘွတ်စာမျက်နှာမှာ ဓါတ်ပုံတင်ဖြစ်တာပါ’’ ဟုပြောသည်။

အဆိုပါ My Friend ဖေ့ဘွတ်စာမျက်နှာကို ဖေဖော်ဝါရီလတွင် စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး Like အရေအတွက်က ၁၈၀၀ ကျော်သွားပါပြီ။ အဆိုပါ အဖွဲ့အနေဖြင့် ဇူလိုင်လ ၃၀ရက်နေ့တွင် My Friend Campaign မိတ်ဆက်ပွဲနဲ့ နိုင်ငံတကာ မိတ်ဆွေများနေ့ International Friendship Day ကို ကျင်းပရန်ရှိပြီး အဆိုပါ အခမ်း အနားတွင် တေးသံရှင် ချစ်သုဝေက လာရောက်ဖျော်ဖြေမည်ဟုဆိုသည်။
အဆိုပါပွဲအတွက် Volunteer(မေတ္တာဖြင့်) ပါဝင်လိုသူများ အနေဖြင့် 09425009024 သို့ဆက်သွယ်နိုင်ကြောင်း My Friend ဖေ့ဘွတ်စာမျက်နှာတွင်ကြေညာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.