Connect with us

Culture & Entertainment

အကယ်ဒမီဆုများကို တစ်နှစ်နောက်မကျပဲ နှစ်အလိုက်ချီးမြှင့်မည်ဟုဆို

မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ဇွန် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုများအား တစ်နှစ် နောက်ကျပြီးမှ ချီးမြှင့်သည့် စနစ်အစား နှစ်ကုန်သည်နှင့် အဆိုပါနှစ်အတွက် အကယ်ဒမီဆု ချီးမြှင့်သည့်စနစ်ကို စတင်ကျင့်သုံးတော့ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးမှ ဒုတိယဥက္ကဌ ဦးအေးကြူလေးမှ ဆင်ဟွာသို့ ပြောကြားသည်။

အကယ်ဒမီဆုပေးပွဲကို နှစ်စဉ် ကျင်းပခဲ့သော်လည်း ဆုပေးသည့် အချိန်က ပုံမှန် ၁ နှစ် နောက်ကျလေ့ ရှိပါတယ်။ ၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲလုပ်တဲ့ အချိန်မှာ ၂၀၁၄ မှာ ရုံတင်ပြခဲ့သည့် ဇာတ်ကားတွေကို ရွေးချယ်ပေးတာဖြစ်ပြီး ပုံမှန် ၁ နှစ်နောက်ကျလေ့ရှိသည့် အတွက် နောက်မကျတော့အောင် ယခု စနစ်သစ်အား ကျင့်သုံးရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးအေးကြူလေးက “ကျွန်တော်တို့ ရုပ်ရှင် အစည်းအရုံးမှာ နာယက ၊ ဥက္ကဌ၊ ဒုဥက္ကဌ တို့ပါဝင်တဲ့ အစည်းအဝေး တွေမှာ အတည်ပြုပြီးပါပြီ။ ဒီနှစ် ကတော့ ၂၀၁၄ ခုနှစ် ရယ်၊ ၂၀၁၅ ခုနှစ် ရယ် ၂ နှစ်စာ အတွက် ပေးရမှာပေါ့။ အမြဲတမ်း ၁ နှစ်နောက်ကျတာကိုး။ ၂၀၁၆ ခုနှစ် ကစပြီး ၂၀၁၆ ကုန်တာ နဲ့ ၂၀၁၆ အတွက် အကယ်ဒမီကို တန်းပေးနိုင်ပြီ။ တစ်နှစ် နောက်မကျတော့ဘူးပေ့ါ’’ ဟုပြောသည်။

ထိုကဲ့သို့ နှစ်စဉ်ပေးတဲ့စနစ်ကို ကျင့်သုံးသည့်အခါ အကယ်ဒမီပေးပွဲကို ဒီဇင်ဘာလအစား၊ ဖေဖော်ဝါရီ၊ မတ်လ စသဖြင့် လအနည်းငယ်နောက်ဆုတ်ပြီး ကျင်းပမှာဖြစ်ကြောင်း၊ ထိုမှသာ နှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက် အထိ ရုံတင်သည့် ဇာတ်ကားများကို ကြည့်ရှုစိစစ် နိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၅ အတွက် ချီးမြှင့်မည့် အကယ်ဒမီပွဲတွင် နှစ်နှစ်စာအတွက် ဆုပေါင်း ၂၂ ဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး နောင်နှစ်များတွင်တော့ ပုံမှန်အတိုင်း နှစ်အလိုက် ပြန်လည် ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း ဦးအေးကြူလေးက ဆိုသည်။

၂၀၁၄ ခုနှစ်အတွက် ရုံတင်ကားပေါင်း ၁၇ ကားရှိကြောင်း၊ ၂၀၁၅ ခုနှစ်အတွက် ယခု ဇွန်လအထိ ၁၀ ကား ရှိပြီဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ရုံတင်မည့် ဇာတ်ကားများကိုပါ စောင့်ပြီး ကြည့်ရှု အမှတ်ပေး သွားမှာဖြစ်ကြောင်း ဆိုသည်။

၎င်းကပဲ “ဘုတ်အဖွဲ့ကတော့ ပိုပြီး အလုပ်လုပ်ရမယ်။ စောတဲ့ဇာတ်ကားတွေကို ကြိုကြည့်ထားရမှာပေါ့။ အကဲဖြတ်ဘုတ်အဖွဲ့မှာ အရေအတွက် ဘယ်လောက် ပါမယ်ဆိုတာကိုတော့ မရွေးချယ် မဆုံးဖြတ်ရသေးပါဘူး’’ ဟုပြောသည်။

ထိုကဲ့သို့ တစ်နှစ် နောက်မကျပဲ အကယ်ဒမီဆု ချီးမြှင့်ခြင်းသည် ပိုပြီးလတ်ဆတ်မှုရှိသည့် အတွက် အနုပညာရှင်များအတွက် ပိုမိုကောင်းမွန်ကြောင်း ဒါရိုက်တာ ကြည်ဖြူရှင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117