Connect with us

Culture & Entertainment

အမျိုးသားပြတိုက် (နေပြည်တော်) ဒုတိယအဆင့် အဖြစ် မတ်လ ၂၂ ရက်တွင် ဖွင့်လှစ်သွားမည်

အမျိုးသား ပြတိုက်တွက် ပြသသွားမည့် သီဟာသန ပလ္လင် အားတွေ့ရစဉ် (ဓာတ်ပုံ-ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန် ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အမျိုးသားပြတိုက် (နေပြည်တော်) ၌ ယခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက် ရှိသည့် အပြီးသတ် ပြင်ဆင်မှု အခြေအနေများအရ ပြခန်း ခင်းကျင်းမှုများ အပြီးသတ် ဆောင်ရွက်နေပြီ ဖြစ်သဖြင့် ဒုတိယအဆင့်ကို မတ်လ ၂၂ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ယခုအခါ ကျန်ရှိနေသော အဆောင်များဖြစ်သည့် C ၊ D နှင့် E ဆောင်များ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးနေပြီး ယခုဘဏ္ဍာရေးနှစ် အတွင်း ခင်းကျင်း ပြသရန် လျာထားသည့် သီဟာသန ပလ္လင်ပြခန်း ၊ မြန်မာ့လက်မှု အနုပညာ ပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ် ပညာပေး ပြခန်းနှင့် အထူးပြပွဲပြခန်း တို့ဖြစ်သည့် ပြခန်း (၅) ခန်းမှာ ခင်းကျင်းမှုများ အပြီးသတ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အမျိုးသားပြတိုက် (နေပြည်တော်) တွင် အဆောင် A, B, C, D နှင့် E ဟူ၍ အဆောင် (၅) ဆောင်ရှိရာ အဆောင် (A) နှင့် (B) ရှိ ပြခန်း ၇ ခန်းကို ပထမအဆင့်အဖြစ် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ (Xinhua)