Connect with us

Culture & Entertainment

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယူနက်စကိုမှ အသိအမှတ်ပြုရန် အပြီးသတ်စီမံချက် ရေးဆွဲနေ

ပုဂံမြို့ ရှုခင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ယဉ်ကျေးမှု ဝန်ကြီးဌာန သည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယူနက်စကို မှ အသိအမှတ်ပြု စေရန် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်းနှင့် ပူးပေါင်း၍ Master Plan ရေးဆွဲနေပြီး မကြာမီ လပိုင်းအတွင်း အပြီးသတ်ကာ ဒေသခံများသို့ ချပြ၍ လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပုဂံသည် မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတစ်ခု ဖြစ်ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု အများဆုံးသော ဒေသ၌တစ်ခု ပါဝင်သဖြင့် ယူနက်စကို၏ အသိအမှတ်ပြု စာရင်းထဲတွင် ပါဝင်လာခဲ့ပါက နိုင်ငံတကာ၏ စိတ်ဝင်စားမှုမှာ ယခုထက်ပို၍ မြင့်တက်လာနိုင် သဖြင့် အသိအမှတ်ပြု ခံရရေးအတွက် ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းတွင် အသိအမှတ်ပြု အဖြစ် ပါဝင်နိုင်စေရန် မည်သို့ ဆောင်ရွက်သွားမည် ဆိုသည်ကို ဒေသခံများအား ရှင်းပြသွားမည် ဖြစ်ပြီး ဒေသခံများ၏ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် က မတ်လ ဒုတိယပတ်အတွင်း ဒေသခံများနှင့် တွေ့ဆုံစဉ်က ပြောခဲ့ကြောင်း မြဝတီ သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.