Connect with us

Media

မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်အဆောက်အအုံ ၂,၀၀၀ နီးပါး အကြီးစားပြင်ဆင်ရန် လိုအပ်

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်ရှိ အဆောက်အအုံပေါင်း ၂,၀၀၀ နီးပါးကို ပြုပြင်မွမ်းမံရန် လိုအပ်နေကြောင်း နိုင်ငံပိုင်မီဒီယာဖြစ်သည့် The Global New Light of Myanmar က ယနေ့ (မေ ၁၅ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အဦ ၂၀,၀၀၀ ခန့်အား စစ်ဆေးရာ အဆောက်အအုံ ၁,၉၅၄ လုံးမှာ အကြီးစား ပြင်ဆင်ရန်လိုအပ်ကြောင်း သတင်းအရသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ငလျင်ကော်မတီက အကဲဖြတ်စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စေတနာ့ဝန်ထမ်း အင်ဂျင်နီယာများ၏ ပံ့ပိုးကူညီမှုဖြင့် ကော်မတီသည် ပျက်စီးသွားသော အဆောက်အအုံများကို ပြန်လည်အသုံးပြုနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ရန် ဧပြီလ ၉ ရက်က တည်ဆောက်မှုဆိုင်ရာ အကဲဖြတ်မှု ပထမအဆင့်ကို စတင်ခဲ့ကြောင်း သိရသည်။

ယခုအချိန်အထိ အဆောက်အအုံ ၁၄,၆၀၄ လုံးကို ပြန်လည်အသုံးပြုနိုင်ပြီဟု ကြေညာထားပြီးဖြစ်ကာ အဆောက်အအုံ ၃,၀၀၀ ခန့်မှာမူ ထပ်မံစစ်ဆေးရန် လိုအပ်နေကြောင်း သိရသည်။ ( Xinhua )

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117