Connect with us

Culture & Entertainment

“အမှတ်တရ” နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော်တွင် ကမ္ဘာတစ်ဝန်းမှ ဂန္တဝင် ရုပ်ရှင်ကားပေါင်း ၅၀ ကျော် ပြသမည်

“အမှတ်တရ” နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် တွေ့ရသော မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အနုပညာရှင်များ (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၉ ရက် (ဆင်ဟွာ)

“အမှတ်တရ” နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော် (Memory International Film Heritage Festival) ကို ရန်ကုန်မြို့၌ မေလ ၂၉ ရက်မှ ဇွန်လ ၇ ရက်နေ့အထိ ၁ဝ ရက်ကြာ ကျင်းပ သွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ဂန္တဝင် ရုပ်ရှင်ကားပေါင်း ၅၀ ကျော် ပြသမည် ဖြစ်ကြောင်း သိရမည်။

ဂန္တဝင် ရုပ်ရှင်ပေါင်း (၅ဝ) တွင် မြန်မာ ဂန္ထဝင် ဇာတ်ကား လေးကား ပါဝင်သည်။ ၁၉၀၆ မှ ၁၉၇၈ ခုနှစ် အတွင်းပြသခဲ့သော နိုင်ငံတကာနှင့် မြန်မာ ဂန္ထဝင် ရုပ်ရှင်ကားများကို ရုပ်ရှင်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ် ရှင်ရုံ၌ အခမဲ့ ပြသသွားမည်ဖြစ် သည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တက်ရောက်ခဲ့ပြီး အထူးဧည့်သည်များ အနေဖြင့် ဖွင့်ပွဲ အခမ်းအနားတွင် ကမ္ဘာကျော် ရုပ်ရှင် မင်းသမီး မီရှဲယိုးနှင့် ဟောင်ကောင် မင်းသမီး ချန်ပင်းပင်း၊ ပြင်သစ် ရုပ်ရှင်မင်းသမီး ကက်သရင်းဒနဗ် နှင့် စင်ကာပူ မင်းသမီး မာရီလီး တို့လည်း တက်ရောက် ခဲ့သည်။ မြန်မာနိုင်ငံမှ အမျိုးသမီးရုပ်ရှင် ဒါရိုက်တာ ဒေါ်သင်းသင်းယု နှင့် ရုပ်ရှင် မင်းသမီးကြီးများ ဖြစ်သည့် ဒေါ်ဆွေဇင်ထိုက်၊ ဒေါ်ခင်သီတာထွန်း စသည့် နာမည်ကျော်များလည်း တက်ရောက်ခဲ့သည်။

“အမှတ်တရ” နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် (ဆင်ဟွာ)

“အမှတ်တရ” နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော ကမ္ဘာကျော် ရုပ်ရှင် မင်းသမီး မီရှဲယိုးနှင့် ဟောင်ကောင် မင်းသမီး ချန်ပင်းပင်း (ဆင်ဟွာ)

“အမှတ်တရ” နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော ပြင်သစ် ရုပ်ရှင်မင်းသမီး ကက်သရင်းဒနဗ် (ဆင်ဟွာ)

“အမှတ်တရ” နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် စင်ကာပူ မင်းသမီး မာရီလီး နှင့် ဟောင်ကောင် မင်းသမီး ချန်ပင်းပင်း တို့ အားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ ရုပ်ရှင်ဇာတ်ကားများ အဖြစ် ၁၉၅၅ က ဒါရိုက်တာ မြမောင် ရိုက်ကူးခဲ့သော ဖိုးပြုံးချို ၊ ၁၉၇၁ က ဒါရိုက်တာ ဝင်းဦး ရိုက်ကူးခဲ့သော တစ်ကျော့နှစ်ကျော့ တေးကိုသီ၊ ၁၉၇၈ က ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့သော တစ်ခါက တစ်ဘဝနှင့် ၁၉၈၃ က ဒါရိုက်တာ သင်းသင်းယု ရိုက်ကူးခဲ့သော နေကျောက်ခဲ ဇာတ်ကားများ ပြသသွားမည် ဖြစ်သည်။

ယခု ရုပ်ရှင်ပွဲတော်တွင် အမျိုးသမီးများ၏ အကြောင်းကို အလေးပေး ပြသသွား မည်ဖြစ်ပြီး နိုင်ငံ အသီးသီးမှ ခေတ် အဆက်ဆက် အမျိုးသမီးများ၏ ရုပ်ပုံ ၅၀ ကျော်ကို ချစ်ခင် ခံရသူ၊ မုန်းတီး ခံရသူ၊ စက်ဆုပ် ရွံရှာခံ ရသူ၊ ဝေဖန် ခံရသူ၊ အထင်ကြီး ခံရသူ၊ သူရဲကောင်း၊ အရှုံးပေးရသူ၊ သတ္တိရှိသူ၊ ကြင်နာကင်းမဲ့သူ စသဖြင့် တင်ဆက် ပေးသွားမည် ဖြစ်သည်။ ထို့အပြင် အထူး အစီအစဉ်များအဖြစ် အသံတိတ်ခေတ်မှ ဇာတ်ကားများကို ဂီတဖြင့် တင်ဆက် ဖျော်ဖြေပေးသည့် အစီအစဉ်၊ အမျိုးသမီးများ နှင့် ရုပ်ရှင်၊ ရုပ်ရှင် အမွေအနှစ်များ အကြောင်း ဟောပြောပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ် သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.