Connect with us

Culture & Entertainment

တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပသော Luxury Brand Model Awards 2015 ပြိုင်ပွဲတွင် မြန်မာ အလှမယ် ဇွန်သံစဉ် သရဖူ ရရှိ

Luxury Brand Model Awards Winner 2015 ဆုရ ဇြန္သံစဥ္ (ဓာတ္ပံု- Luxury Brand Model Awards Myanmar 2015 facebook)

ရန်ကုန် ၊ မေ ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ (ROK) ဆိုးလ်မြို့တွင် ယနေ့ ကျင်းပပြုလုပ်သော Luxury Brand Model Awards 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်သည့် အလှမယ် ဇွန်သံစဉ်မှ သရဖူ ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲအား နိုင်ငံပေါင်း ၃၀ ကျော်မှ လာရောက် ယှဉ်ပြိုင် ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဇွန်သံစဉ် ၊ အမျိုးသား ပြိုင်ပွဲဝင်များ အနေဖြင့် မျိုးဇော်အောင်နှင့် လင်းနေ တို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြသည်။

ဇွန်သံစဉ်သည် ရိုးရာဝတ်စုံ ယှဉ်ပြိုင်သည့် အစီအစဉ်၌ ပုဂံရိုးရာ ဝတ်စုံ၊ မြန်မာမှု မြန်မာ့ဟန်ကို ပြသည့် ခေတ်သုံးခေတ် ဝတ်စုံတို့ကို ဝတ်ဆင်၍ ယှဉ်ပြိုင်ခဲ့သည်။

Luxury Brand Model Awards Winner 2015 ဆုရ ဇွန်သံစဉ် (ဓာတ်ပုံ- Luxury Brand Model Awards Myanmar 2015 facebook)

Luxury Brand Model Awards Winner 2015 ဆုရ ဇွန်သံစဉ် (ဓာတ်ပုံ- ဇွန်သံစဉ် facebook)

မြန်မာနိုင်ငံတွင် အလှမယ်များ တကျော့ပြန် ခေတ်စားပြီးသည့်နောက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်များမှ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး သရဖူဆုများ ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။ တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Asia Pacific World ပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံမှ ယှဉ်ပြိုင်ခဲ့သည့် မေမြတ်နိုးမှ သရဖူ ရရှိခဲ့ပြီး၊ နိုင်ငံတကာပြိုင်ပွဲများမှ ဒုတိယအကြိမ်အဖြစ် ဇွန်သံစဉ် သည် Luxury Brand Model Awards 2015 ပြိုင်ပွဲတွင် သရဖူ ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.