Connect with us

Culture & Entertainment

ကမ္ဘာ့ပထမ ဦးဆုံး ကျောက်စိမ်းစေတီ တော်မြတ်ကြီး၏ ထီးတော်တင်လှူပွဲနှင့် အနေကဇာ တင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရှိ ကမ္ဘာ့ပထမ ဦးဆုံး ကျောက်စိမ်းစေတီတော်မြတ်ကြီး ပုံ(ဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ရန်ကုန် ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ပထမ ဦးဆုံး ကျောက်စိမ်းစေတီတော် ဖြစ်သည့် ဝေနောစန စေတီတော်မြတ်ကြီး၏ ထီးတော် တင်လှူပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၅၅ မိနစ်တွင် ကျင်းပခဲ့သည်ဟု စေတီတော်မြတ်ကြီးအား တည်ဆောက် ခဲ့သည့် အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းမှ ဆင်ဟွာသို့ပြောသည်။

ကျောက်စိမ်းစေတီတော်မြတ်ကြီးကို အရည်အသွေးပြည့်ဝသည့် မြန်မာ့ ကျောက်စိမ်းများ၊ အဆင့်မီ အသားကျောက်များဖြင့် တည်ဆောက်ထားပြီး မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၆၁ အနောက်ဘက်၌ ဖူးမျှော်နိုင်ကြောင်း သိရသည်။

ဦးသိန်းဝင်းမှ “ ကျွန်တော်တို့ မနေ့က မုခ်ဦးဖွင့်ပွဲ အခမ်းအနား လုပ်ခဲ့ပါတယ်။ ဒီနေ့ကတော့ ဘုရား အနေကဇာတင် နဲ့ ထီးတော်တင်ပွဲကို ကျင်းပခဲ့တာပါ ”ဟု ပြောသည်။
မြေပြင်ပေါ်က ဘုရားဌာပနာ အဖြစ် ကျောက်စိမ်းအရည်သွေး D အဆင့်ရှိတဲ့ ကျောက်တန်ချိန် ၈၅ဝ ကို ထည့်သွင်း ပူဇော်ထားပြီး၊ မြေအောက် ဘုရားဌာပနာအဖြစ် အမေရိကန်ဒေါ်လာ သန်းပေါင်း သန်းချီတန်ဖိုးရှိတဲ့ ကျောက်စိမ်း အဆင့် – A ရှိတဲ့ကျောက် ကီလို ၁၁ဝ ထည့်သွင်း ပူဇော်ထားကြောင်း ဆိုသည်။

ဘုရားပရိဝုဏ် ပတ်ဝန်းကျင် တွေမှာ ကျောက်စိမ်း အသားကျောက် တွေနဲ့ တည်ဆောက်ထားတာကို ဒီစေတီတော်မြတ်ကြီး မုခ်ဦးက စလို့ မြင်တွေ့လေ့လာနိုင်ပြီး၊ ရွှေရတု မြန်မာကျောက်မျက်ရတနာပြပွဲ မှာ ယူရိုငွေ သိန်းပေါင်းများစွာနဲ့ အောင်မြင်ထားတဲ့ လော့နံပါတ်- ၇၄၂၄ ကျောက်စိမ်းကြီးနဲ့ အခြား အရည်အသွေးပြည့်ဝတဲ့ ကျောက်စိမ်း တွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ကြောင်း၊ ကျောက်စိမ်းများ အားလုံးကို စုပေါင်း လိုက်ပါက ကျောက်တန်ချိန် တစ်ထောင်ကျော် ရှိကြောင်း ရွှေသုဝဏ် ဆရာတော်ကြီး၏ ဦးဆောင်မှုနှင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း စေတီ တော်မြတ်ကြီး၏ တစ်ဦးတည်း အလှူရှင်လည်းဖြစ် ကျောက်စိမ်း ပညာရှင်လည်းဖြစ်သည့် ဦးစိုးနိုင်ထံမှ သိရသည်။

အဆိုပါ စေတီတော်မြတ်ကြီး သည်ဉာဏ်တော်အမြင့် ၇၅ ပေ ၆ လက်မ၊ လုံးပတ်တော် ၁၇၆ ပေ၊ ပန်းတင်ခုံ အလျား ၅၂ ပေ ၆ လက်မ၊ အနံ ၅၂ ပေ ၆ လက်မ၊ အမြင့် ၁၂ ပေ၊ ထီးတော်အမြင့် ခုနစ်ပေ၊ ငှက် ပျောဖူးအမြင့် ရှစ်ပေ ခြောက်လက်မရှိ သည်ဟု သိရပြီး ပန်းတင်ခုံအတွင်းရှိ မုခ်ဦးလေးခု၌ ကျောက်စိမ်း ဗုဒ္ဓ ရုပ်ပွားတော်များဖြင့် လွန်စွာ တင့်တယ်လျက် ရှိသည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.