Connect with us

Culture & Entertainment

ဧပြီတစ်လအတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားဧည့်သည် ၄၀,၀၀၀ ကျော်လာရောက်ဖူးမြော်ခဲ့

ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားဧည့်သည်တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂ဝ၁၇ခုနှစ် ဧပြီလတစ်လတာကာလအတွင်းကမ္ဘာလှည့် ခရီးသွားဧည့်သည် ၄ဝ,၇၈၉ ဦး လာရောက်ဖူးမြော်ခဲ့ကြသည့်အတွက် ၂၀၁၆ ခုနှစ် ဧပြီလ နှင့်ယှဉ်ပါက ၈၀၀၀ ကျော် ပိုမိုလာရောက် ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

၂ဝ၁၆ ခုနှစ် ဧပြီလက ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၃၂,၆၈၃ ဦးသာ လာရောက်ခဲ့ရာ ၂ဝ၁၇ ခုနှစ် ဧပြီလသည် ၂ဝ၁၆ ခုနှစ် ဧပြီလထက် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၈ဝဝဝကျော် ပိုမိုလာရောက်ခဲ့ ခြင်းဖြစ်သည်။

ထိုလအတွင်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်အများဆုံးလာ ရောက်ကြသည့် နိုင်ငံငါးခုမှာ ထိုင်း၊ တရုတ်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြပြီး အစ္စရေး၊ တောင်အာဖရိက၊ ပါကစ္စတန်၊ အာရပ်နှင့် အင်ဒိုနီးရှား

နိုင်ငံတို့မှာ အနည်းဆုံးလာ ရောက်ကြသည်။

ထိုသို့လာရောက်ကြသော နိုင်ငံတို့၌ ထိုင်းနိုင်ငံမှ ၇၇၄၉ ဦး၊ တရုတ်နိုင်ငံမှ ၂၂၉၅ ဦး၊ ဂျာမနီနိုင်ငံမှ ၁၇၈၈ ဦး၊ ပြင်သစ်နိုင်ငံမှ ၁၆၂၆ ဦးနှင့် ဂျပန်နိုင်ငံမှ ၁၄၅၃ ဦး လာရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.