Connect with us

Education & Health

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ကျောင်းသားကျောင်းသူ ၇ သိန်းကျော်ရှိ

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီး ထွက်လာသည့် ကျောင်းသားကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့ မှ စတင်ကျင်းပလျက်ရှိပြီး စာစစ်ဌာန(၁၅၉၄)ခုတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသားကျောင်းသူ (၇)သိန်း ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

နိုင်ငံခြားစာစစ်ဌာန (၁၇)ခု နှင့် ပြည်တွင်းစာစစ်ဌာန (၁၅၇၇)ခု စုစုပေါင်း စာစစ်ဌာန (၁၅၉၄) ခုရှိကြောင်း သိရသည်။ နိုင်ငံခြားစာစစ်ဌာန ၁၇ ခု တွင် ဖြေဆိုရန် စာရင်းသွင်းသူဦးရေ ၁၇၄ ဦးရှိပြီး နေပြည်တော်တွင် စာစစ်ဌာန ပေါင်း ၃၉ ခုမှ စာရင်းသွင်းသူဦးရေ ၂ဝ၁,၇၆၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး တွင် စာစစ်ဌာနပေါင်း ၂၁၇ ခုမှ စာရင်း သွင်းသူဦးရေ ၁၁၄,၂၃၇ ဦး၊ နိုင်ငံခြား စာစစ်ဌာနများနှင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာစစ်ဌာနများအပါအဝင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းသူမှာ စုစုပေါင်း ၇၆၇,၄၂၂ ဦးအနက် စာမေးပွဲစတင်ဖြေဆိုသည့်နေ့တွင် ၇၁၆,၂၁၆ ဦး ရှိခဲ့ ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၃.၃၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.