Connect with us

Education & Health

တရုတ်နိုင်ငံ အဆင့်မြင့်ကျောင်းများသို့ သွားရောက်ပညာသင်ယူရန် မြန်မာကျောင်းသား/သူများက အထူးစိတ်ဝင်စားနေကြ

၂၀၁၈ခုနှစ် ပေကျင်းပညာရေးပြပွဲ၌ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

၂၀၁၈ခုနှစ် ပေကျင်းပညာရေးပြပွဲကို ဇွန်လ ၂၀ ရက်က ရန်ကုန်မြို့Taw Win Garden Hotelတွင် ကျင်းပခဲ့ရာ တက္ကသိုလ်ကျောင်းများ၊ ပြင်ပစာသင်ကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား တခဲနက်လာရောက်လေ့လာမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပြပွဲ၏ဖွင့်ပွဲအခမ်းအနားကို မြန်မာတရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် ၊ ပေကျင်းပညာရေးကော်မတီ ပညာပြန့်ပွားရေးဌာန ဒုတိယညွှန်မှူး မစ္စတာ ယွီဟိုင်၊ ၊အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဦးညွှန့်ဝင်း၊ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ် တရုတ်စာဌာန ပါမောက္ခ ခမ်းရုံ၊ ရန်ကုန် နိုဗယ်ဘာသာစကား သင်တန်းကျောင်း ဒုတိယကျောင်းအုပ်လီမော့ရောင်နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက္ကသိုလ် ကျောင်းများ၊ပြင်ပစာသင်ကျောင်းများမှ ဆရာဆရာမများ ကျောင်းသားကျောင်းသူများ ပါဝင်တက် ရောက်ခဲ့ကြပါသည်။

မြန်မာတရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြားရာတွင် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းကြီးကို ၂၀၁၃ ခုနှစ်မှတည်ထောင်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးကဏ္ဍတွင် အသင်းကြီးအနေဖြင့် မြန်မာနိုင်ငံရှိ ထူးချွန်သောကျောင်းသား/သူများကို ပညာသင်ဆု Full scholarshipများဖြင့် တရုတ်နိုင်ငံသို့ ပညာသင်စေလွှတ်ရန် စီစဉ်ပေးသည့်အပြင် ပညာထူးချွန် သော်လည်း ငွေကြေးမပြည့်စုံသောကြောင့် ပညာသင်ကြားရန် အခက်အခဲဖြစ်နေသော သူများကို ကူညီထောက်ပံ့မှုများ၊ပညာသင်စေလွှတ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း မိတ်ဆက်ပြောကြား ခဲ့သည်။

မြန်မာတရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က အဖွင့်အမှာစကား

ပြောကြားစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ပေကျင်းပညာရေးကော်မတီ ပညာပြန့်ပွားရေးဌာန ဒုတိယညွှန်မှူး မစ္စတာ ယွီဟိုင်က

အဖွင့်အမှာစကားပြောကြားစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ရန်ကုန် နိုဗယ်ဘာသာစကား သင်တန်းကျောင်း ဒုတိယကျောင်းအုပ်လီမော့ရောင်က

အဖွင့်အမှာစကားပြောကြားစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

၂၀၁၈ ခုနှစ် ပေကျင်းပညာရေးပြပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

၂၀၁၈ ခုနှစ် ပေကျင်းပညာရေးပြပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

၂၀၁၈ ခုနှစ် ပေကျင်းပညာရေးပြပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

၂၀၁၈ ခုနှစ် ပေကျင်းပညာရေးပြပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

၂၀၁၈ ခုနှစ် ပေကျင်းပညာရေးပြပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဆက်လက်၍ ပေကျင်းပညာရေးကော်မတီ ပညာပြန့်ပွားရေးဌာန ဒုတိယညွှန်မှူး မစ္စတာ ယွီဟိုင်က တရုတ်-မြန်မာနှစ်နိုင်ငံသည် နယ်နမိတ်ချင်းထိစပ်နေပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အလွန် နက်ရှိုင်းကြောင်း ၊ လူမှုစီပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများစွာရှိကြောင်း ၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း ၊ ယခုကျင်းပသည့် ပေကျင်းပညာရေးပြပွဲသည် နှစ်နိုင်ငံအကြားပညာရေးကဏ္ဍ ပူးပေါင်းဖလှယ်မှုများ ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပေကျင်းမြို့သည် တရုတ်နိုင်ငံ ၏သမိုင်းဝင်မြို့တော်ဖြစ်သလို ခေတ်မီတိုးတက်သည့်မြို့တော်ကြီးတစ်မြို့ဖြစ်ရာ အဆင့်မြင့်ပညာသင် ကျောင်းများ၊တက္ကသိုလ်ကျောင်းများ စုဝေးရာ မြို့လည်းဖြစ်ကြောင်း ၊ ပေကျင်းတွင် နိုင်ငံတကာ ကျောင်းသားကျောင်းသား/သူများအတွက် ပြီးပြည်စုံသည့် ပညာရေးစနစ်ရှိသောကြောင့် နိုင်ငံခြား ကျောင်းသား/သူများက ပညာသင်ယူရာတွင် အဓိက ဦးစားပေးရွေးချယ်ကြခြင်းဖြစ်ကြောင်း၊ ပေကျင်းရှိတက္ကသိုလ်ကျောင်းတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ယူနိုင်သည့် ဘာသာရပ် ပေါင်း ၃၈၄ ခု ရှိကြောင်း ၊ပေကျင်းမြို့အစိုးရကလည်း ၂၀၀၆ ခုနှစ်က စပြီး နိုင်ငံခြားကျောင်းသား/သူများအတွက် ပေကျင်းပညာသင်ဆုများပေးခဲ့ကြောင်း ၊ ယခုကျင်းပသည့် ပညာရေးပြပွဲကတစ်ဆင့် ပညာသင်သွား ရောက်နိုင်မည့် အကျိုးရှိသည့်သတင်းအချက်အလက်များ ၊အချိတ်အဆက်များပေးနိုင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန် နိုဗယ်ဘာသာစကား သင်တန်းကျောင်း ဒုတိယကျောင်းအုပ်လီမော့ရောင်ကလည်း ယခုကျင်းပသည့် ပေကျင်းပညာရေးပြပွဲက တရုတ်-မြန်မာပညာရေးပူးပေါင်းဆောင်ရွက်တိုးမြှင့်ရာ ပလက်ဖောင်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။

၂၀၁၈ ခုနှစ် ပညာရေးပြပွဲကို ပေကျင်းမြို့ပညာရေးကော်မတီမှ ကြီးမှူးကာ ပေကျင်းမြို့ နိုင်ငံတကာ ပညာရေးဖလှယ်မှုစင်တာမှ တာဝန်ယူဆောင်ရွက်ပြီး မန္တလေး မြန်မာ-တရုတ်ချစ်ကြည်ရေး၊ မန္တလေး ဖူချင့်ကွန်ဖြူးရှပ်စာသင်ကျောင်းနှင့် ရန်ကုန် နိုဗယ်ဘာသာစကား သင်တန်းကျောင်းတို့မှ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ပေကျင်းမြို့မှ အဆင့်မြင့်ကျောင်း ၁၁ ကျောင်းပါဝင်မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.