Connect with us

Education & Health

မိခင်နှင့်ကလေး ကျန်းမာရေး စီမံချက်များချ ဆောင်ရွက်ခြင်းဖြင့် မိခင်နှင့် ကလေးသေဆုံးမှုတို့ကို လျှော့ချနိုင်မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းပြောကြားစဉ် (ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မိခင်နှင့်ကလေး ကျန်းမာရေး စီမံချက်တစ်ခုဖြစ်သည့် မိခင်နှင့် ကလေး ကျန်းမာရေးအတွက် သားဆက်ခြားနည်းလမ်းများဆောင်ရွက်ခြင်း (family planning)သည် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုတို့ကို သိသာထင်ရှားစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ မိခင်သေဆုံးမှု (maternal mortality ratio) မြင့်မားသောနိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊မိခင်သေဆုံးမှုများ (၁၂)ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဖျက်ခြင်း/ ပျက်ခြင်း (abortion) ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကြောင့် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မျိုးဆက်ပွားနိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများ၌ သားဆက်ခြားနည်းလမ်းသုံးစွဲခွင့်မရခြင်း၊ လူမှု စီးပွားရေးအခြေအနေအရ သန္ဓေတားနည်းကိုလက်လှမ်းမမီခြင်းစသည်တို့ကြောင့် မလိုချင်သောကိုယ်ဝန်ရရှိသည့် အခါ အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်မှုပြုလုပ်ရာမှ တစ်ဆင့် သေဆုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခြင်းများဖြစ်ပွားကျန်ရှိနိုင်ကြောင်း ၎င်းကပြောသည်။

မိသားစုစီမံကိန်း၊ သားဆက်ခြားခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် Family Planning 2020 ၏ ရည်မှန်း ချက်ပန်းတိုင်များနှင့် (၂၀၃၀) ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goal) အမှတ် (၃) တို့ကို ကိုက်ညီပြည့်မီစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

သားဆက်ခြားကျန်းမာရေးလုပ်ငန်းများကို အမျိုးသားကျန်းမာရေးစီမံကိန်း (National Health Plan 2017-2021) ၏essential package of health services တွင် ပါဝင်ထည့်သွင်းထားကြောင်း၊တိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်များတွင် သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဘက်စုံသုံးသပ်၍ လိုအပ်ချက်၊ အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ယခုလမ်းညွှန်စာအုပ်ကို မြန်မာဘာသာနှင့် အသုံးများသော တိုင်းရင်းသား ဘာသာများသို့ ပြန်ဆိုရန် လိုအပ်ကြောင်း၊ ဘာသာပြန်ဆိုထားသော စာအုပ်ကို အခြေခံကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန် ပေးအပ်မည့် မိုဘိုင်းတက်ဘလက် (mobile tablet) များတွင်လည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သားဆက်ခြား စောင့်ရှောက်မှုလုပ်ငန်းများကို (၁၉၉၁)ခုနှစ်တွင် စတင်ခဲ့ပြီး အိမ်ထောင်သည်အမျိုးသမီးများ ခေတ်မီသားဆက်ခြားဆေးဝါးသုံးစွဲမှုသည် (၂၀၀၇) ခုနှစ်တွင် (၃၈) ရာခိုင်နှုန်းရှိခဲ့ရာမှ (၂၀၁၅) ခုနှစ်တွင် (၅၁) ရာခိုင်နှုန်းထိတိုးမြင့်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.