Connect with us

Education & Health

မြန်မာနိုင်ငံ အတွင်းမှ ပိုလီယို ရောဂါပိုးကို အပြီးတိုင် ပပျောက်စေရန် အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက် သွားမည်

ပိုလီယို ကာကွယ်ဆေး ပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-- ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်းမှ ပိုလီယို ရောဂါပိုးကို အပြီးတိုင် ပပျောက်စေရန် အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ရာ ဒေသအလိုက်ကာကွယ်ဆေးတိုက်နေ့များ အဖြစ် ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ လည်းကောင်း ၊ အမျိုးသားကာကွယ်ဆေးတိုက်နေ့များ အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံ တစ်ဝန်းလုံးတွင် ပိုလီယို ရောဂါပိုး ကူးစက်ပျံ့နှံ့နိုင်သည့် အန္တရာယ်ရှိသော မြို့နယ်များကို ဆန်းစစ် သုံးသပ် ရွေးချယ်ခဲ့ရာတွင် တိုင်းဒေသကြီး/ပြည်နယ် ၁၆ ခု အတွင်းရှိ မြို့နယ်ပေါင်း ၁၇၁ မြို့နယ်သည် ပိုလီယို ရောဂါ ဖြစ်ပွား ကူးစက်နိုင်မှု အန္တရာယ်ရှိကြောင်း ဖော်ထုတ် သတ်မှတ်ခဲ့ပြီး ဒေသအလိုက် ကာကွယ်ဆေးတိုက် နေ့များ အဖြစ် ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေး (၂.၈၃)သန်းခန့် အား ပိုလီယို ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်း လုပ်ငန်း ဆောင်ရွက်ရန် လျာထားသတ်မှတ်ကြောင်း သိရသည်။

ထိုပြင် နေပြည်တော်ကောင်စီနယ်မြေ ၊ တိုင်းဒေသကြီး/ပြည်နယ် များရှိ မြို့နယ်(၃၃၀) တွင် မွေးကင်းစမှ အသက်(၅)နှစ်အတွင်း ကလေး(၄.၆၀)သန်းခန့်အား အမျိုးသားကာကွယ်ဆေးတိုက်နေ့များ အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ လည်းကောင်း ပိုလီယို ကာကွယ် ဆေးတိုက် ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒေသအလိုက် ကာကွယ်ဆေးတိုက် နေ့များနှင့် အမျိုးသားကာကွယ်ဆေးတိုက်နေ့များ လုပ်ငန်း ဆောင်ရွက် ရာတွင် ကျန်းမာရေးဝန်ကြီးဌာနသည် အခြေခံကျန်းမာရေး ဝန်ထမ်းများ အဆင့်ဆင့်ပါဝင်စေရန် လမ်းညွှန်မှုပေးခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသီးသီးမှ အစိုးရအဖွဲ့များ၊ ကျန်းမာရေး ဝန်ကြီး ဌာနနှင့်နှီးနွယ်ဆက် စပ်သော ဌာနဆိုင်ရာအဖွဲ့အစည်း များ အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းပါဝင်ဆောင် ရွက်ခြင်း၊ ပြည်သူ လူထုမှ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.