Connect with us

Education & Health

ပညာထူးချွန်သည့် မြန်မာ တက္ကသိုလ် ကျောင်းသူ/သား များအား ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ တတိယ အကြိမ် ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်

ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူ များအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားတွင် ဆရာမကြီးဒေါ်ဇင်ခိုင်မှ အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် (၁၄) ခုမှ ပညာထူးချွန်ပြီး အဆင့်မြင့် ပညာ သင်ယူရန် ငွေကြေး အခက်အခဲရှိသည့် တက္ကသိုလ်ကျောင်းသူ ကျောင်းသား (၁ဝ၇) ဦးအား ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ တက္ကသိုလ် ပညာရပ်အား သင်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပညာသင် ထောက်ပံ့ကြေးများအား တတိယ အကြိမ် အဖြစ် ယနေ့ဇန်နဝါရီ ၂၇ ရက်တွင် ပေးအပ်ခဲ့သည်။

ထူးချွန်ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆု ပေးအပ်ပွဲ အခမ်းအနား အား ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှုသံမှုးရုံး၌ ပြုလုပ်ခဲ့ပြီး မြန်မာတက္ကသိုလ်ကျောင်းသူ ကျောင်းသား (၁ဝ၇) ဦးအား တစ်ဦးလျှင် ပညာသင် ထောက်ပံ့ကြေး (၃) သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၃၂,၁၀၀,၀၀၀ အား ပေးအပ်ခဲ့သည်။

ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူ များအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူ များအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှုသံမှုး မစ္စတာထျန်ဆန့်ထိန်က အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူ များအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

အခမ်းအနားတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ယဉ်ကျေးမှု သံမှုး မစ္စတာ ထျန်ဆန့်ထိန် တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီးနောက် အငြိမ်းစား ဆရာမကြီး ဒေါ်ဇင်ခိုင်က လှူဒါန်း ရခြင်း အကြောင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထိုအတူ မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပညာရည် ထူးချွန် ထက်မြက်ပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသား ၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ငွေ ပေးအပ်ရန် ချီးမြှင့် ထောက်ပံ့ လှူဒါန်းငွေများအား အငြိမ်းစား ဆရာမကြီး ဒေါ်ဇင်ခိုင်က မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ထံသို့လွှဲပြောင်း အပ်နှံခဲ့သည်။

ထိုနောက် ဆရာမကြီး ဒေါ်ဇင်ခိုင်က အခမ်းအနားသို့တတ်ရောက်လာသော ကျောင်းသူ၊ ကျောင်းသား များအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေအား ၂၀၁၃ ခုနှစ် မတ်လတွင် ထူထောင်ခဲ့ပြီးနောက် ယခုအကြိမ်ကျင်းပသည့် အခမ်းအနားသည် တတိယ အကြိမ် ကျင်းပသည့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနား ဖြစ်သည်။

၂ဝ၁၃ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ဆရာမကြီး ဒေါ်ဇင်ခိုင်အား ပညာသင်ကြားရေး၊ အများကောင်းကျိုး ဆောင်ရွက်ခြင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး စသည့်ဘက်များတွင် စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် “သဒ္ဓမ္မဇောတိက ဓဇဘွဲ့” ချီးမြှင့်ခဲ့သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင်သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် အငြိမ်းစားပါမောက္ခ တစ်ဦး ဖြစ်ပြီး အသက် (၈၈) နှစ် ရှိပြီ ဖြစ်သည်။ (Xinhua)